Skincare တွေ စုံနေအောင်လည်းသုံးတယ်၊ ဈေးကြီးတဲ့ပစ္စည်းတွေပဲ သုံးတယ်၊ အသားအရေကိုလည်း အရမ်းဂရုစိုက်တယ်၊။ ဒါတောင်မှ အသားအရေက ကောင်းမလာဘူး၊ တစ်ခါတစ်လေဆို ဝက်ခြံတွေ၊ အဆီဖုတွေနဲ့ ဘာအဖုမှန်းမသိတဲ့ ဖုလေးတွေလည်း ပြုံပြီး ထွက်လာသေးတယ် ဆိုတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီတော့ Skincare လုပ်နေရက်နဲ့ ဒီလိုအသားအရေကောင်းမလာတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

ကိုယ့်အသားအရေနဲ့ အဆင်မပြေတာ

ဒီ Product တစ်ခုက ဈေးကြီးတယ်ဆိုတိုင်းလည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေချင်မှပြေမှာပါ။ ဈေးမကြီးပဲ သင့်တင့်ပြီးကောင်းမွန်တဲ့ ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ ဒီလိုပစ္စည်းမျိုးနဲ့မှ ကိုယ့်အသားအရေနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဓိကက ဈေးကြီးတာဝယ်သုံးဖို့ထက် ကိုယ့်အသားအရေက ဘယ်လိုအမျိုးအစားလဲဆိုတာကို အရင်သိအောင်လုပ်ဖို့ပဲလိုပါတယ်။

Photo Source: www.skinive.com

၁၀ ယောက်မှာ ၈ ယောက်က ဒီပစ္စည်းနဲ့ အရမ်းအဆင်ပြေတယ်။ အရမ်းကောင်းတယ်ဆိုပေမယ့် ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်က အသားအရေချင်းမတူပါဘူး။ ဒါကြောင့် သူများကောင်းတယ်ပြောတိုင်း၊ ညွှန်းတိုင်း မဝယ်ပါနဲ့။ ကိုယ်နဲ့အဆင်ပြေတာကိုပဲ ကိုယ်တိုင် ရွေးချယ်ပြီး သုံးပါ။

ပစ္စည်းတစ်ခုကို ကိုယ်နဲ့အဆင်ပြေရင် စွဲသုံးပါ။ ဟိုဟာပြောင်းပြီး စမ်းသုံး၊ ဒီဟာပြောင်းပြီးစမ်းသုံးတာမျိုး မလုပ်ပါနဲ့။ ပစ္စည်းအသစ်တစ်ခုကို သုံးလိုက်လို့ အဖုလေးတွေထွက်လာတယ်ဆိုရင် တစ်ပတ်၊ နှစ်ပတ်ပဲဆက်သုံးကြည့်ပါ။ နှစ်ပတ်လောက်သုံးကြည့်လို့မှ အဖုလေးတွေ ထွက်နေတုန်းပဲ ဆိုရင် ဆက်မသုံးပါနဲ့။ ကိုယ့်အသားအရေနဲ့ မတည့်လို့ပါ။

နည်းလမ်းမမှန်တာ၊ အလွန်အကျွံလုပ်မိတာ

Skincare လုပ်လွန်းရင်လည်း အသားအရေကောင်းမလာပဲ ဖုတွေထွက်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ လိမ်းနေတဲ့ Method မမှန်တာရယ်၊ မလိုအပ်တာတွေ အများကြီးလိမ်းမိနေတာရယ်ကြောင့်ပါ။ ဥပမာ – အဆီပြန်တဲ့ Oily Skin သမားတွေက Serum လိမ်းပြီး Moisturizer လိမ်းမယ်၊ ပြီးရင် Serum အပြင် Oil ကိုပါ ထပ်လိမ်းလိုက်မယ်ဆိုရင် အဆီတွေများပြီး အဆီဖုနဲ့ ဝက်ခြံတွေ ကန်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကနားမလည်တဲ့အခါမှာ နားလည်တဲ့ Beauty Advisor တွေကိုမေးပြီးမှ တိုင်ပင်ပြီးသုံးတာတော့ အကောင်းဆုံးပါပဲ။

Exfoliate မလုပ်တာ

ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် မျက်နှာကို တစ်ပတ်တစ်ခါ ပုံမှန် Exfoliate မလုပ်ပေးရင်လည်း အသားအရေက ထူးခြားမှုရှိလာမှာ မဟုတ်ပါဘူး။ Exfoliate လုပ်ပေးမှ ကိုယ်လိမ်းမယ့် Skincare တွေ အားလုံးကို သေချာစုပ်ယူနိုင်ပြီး အာနိသင်လည်း ပိုရှိမှာပါ။