ဘယ်သူနဲ့ပဲတွဲတွဲ ကြာကြာမခံပဲပြတ်လို့ ကိုယ့်ကိုယ်ကို အချစ်ရေးမှာကံမကောင်းပါလားလို့ တွေးမိကြမှာပေါ့။ များသောအားဖြင့်တော့ ဒီလိုတွေဖြစ်တယ်ဆိုတာ ကိုယ်ရွေးချယ်မိတဲ့အမှားနဲ့ ကိုယ့်အပြုအမူ၊ ကိုယ့်လုပ်ရပ်တွေကြောင့်လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့တွဲတွဲမမြဲရတဲ့အကြောင်းအရင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ခဏခဏပြဿနာရှာတာ

သေးသေးလေးကအစ၊ ဘာမဟုတ်တာလေးကအစ ခဏခဏပြဿနာရှာမိနေရင် ဘယ်သူ့မှ ကြာကြာမတွဲချင်ပါဘူး။ စိတ်ကုန်လာပါလိမ့်မယ်။

သဝန်တိုလွန်းတာ

သဝန်တိုတာကတော့ ကိုယ့်ချစ်သူအပေါ် လူတိုင်းတိုပါတယ်။ ဒါပေမယ့် အလွန်အကျွံ နားလည်မှုလုံးဝမရှိဘူးဆိုတဲ့အထိဖြစ်နေရင်တော့ ဘယ်သူနဲ့တွဲတွဲ ကြာကြာမခံတတ်ပါဘူး။

နားလည်မှုမရှိတာ

နားလည်မှုမရှိတာလည်း အချစ်ရေးမှာမှမဟုတ်ဘူး၊ လူမှုရေးမှာလည်း အဆင်မပြေနိုင်ပါဘူး။

မျှော်လင့်ချက်အရမ်းထားတာ

တစ်ဖက်လူအပေါ် မျှော်လင့်ချက်အရမ်းထားပြီးလို့ ကိုယ်လိုချင်တဲ့ပုံအတိုင်း၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်ရတယ်၊ စိတ်တိုရတယ်။ အဲ့တော့ တစ်ဖက်လူအပေါ် စိတ်တိုင်းမကျ၊ မတွဲချင်တော့တာမျိုးတွေ ဖြစ်လာပါတယ်။

သေချာမရွေးချယ်မိခဲ့တာ

မတွဲခင်မှာ သူက ဘယ်လိုလူမျိုးလဲဆိုတာကို သိထားဖို့လိုပါတယ်။ မကောင်းတဲ့သူမှန်းသိရက်နဲ့၊ ပွေရှုပ်တဲ့သူမှန်းသိရက်နဲ့ ရွေးချယ်မိရင်တော့ ကြာကြာမြဲမှာမဟုတ်ပါဘူး။ ဒါကတော့ ကိုယ့်အမှားပေါ့။

အလိုမကျတာ

အခြားသူတစ်ယောက်ကို ကိုယ်လိုသလို ပုံသွင်းလို့မရပါဘူး။ တစ်ချို့ကျတော့ ရည်းစားထားပြီဆိုရင် ငါ့အကြိုက်နေရမယ်၊ ငါပြောတဲ့အတိုင်းလုပ်ရမယ်၊ ဘယ်လိုနေရမယ်၊ စသဖြင့် ကိုယ်လိုချင်တဲ့ပုံစံအတိုင်းရအောင် ပုံသွင်းတတ်ကြတယ်။ ပြီးရင် ဖြစ်မလာတဲ့အခါ အလိုမကျဖြစ်မယ်၊ ပြဿနာရှာမယ်၊ ပြဿနာဖြစ်ပြီး ပြတ်စဲကြတယ်။ ကိုယ်တိုင်လည်း မတွဲချင်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Photo Source: www.pinterest.com