အချစ်ရေး ကံမကောင်းလို့ဆိုပြီး စိတ်ညစ်နေကြတဲ့သူတွေထဲမှာ တချို့ကျတော့ ကိုယ်တိုင်လုပ်မိနေတဲ့ အမှားတွေကြောင့် အချစ်ရေးကံမကောင်းဘူး ဆိုတာမျိုး ဖြစ်လာတာပါ။ ဘယ်သူနဲ့တွဲတွဲ၊ ဘယ်လိုလူမျိုးနဲ့ပဲတွဲတွဲ ဒီအမှားတွေကို သင့်ဘက်က အမြဲတမ်းလုပ်နေမိရင်တော့ တွဲတိုင်းပြတ်ပြီး အချစ်ရေးကံမကောင်းဘူးဆိုတာမျိုး ဖြစ်လာမှာပါပဲ။

သံသယစိတ်လွန်ကဲခြင်း

ကိုယ့်ချစ်သူအပေါ်မှာ အမြဲတမ်းသံသယစိတ်တွေ လွန်ကဲနေရင်လည်း တစ်ဖက်လူက ကြာရင် စိတ်ပျက်လာမှာပါပဲ။ သံသယစိတ်လွန်ကဲပြီး တစ်ခုခုဆို စွပ်စွဲပြောဆိုတတ်တာတွေက ရေရှည်အတွက် မကောင်းပါဘူး။

ချုပ်ချယ်လွန်းခြင်း

ချစ်သူအပေါ်မှာ လိုတာထက်ပိုပြီး အရာရာကို ကိုယ့်စိတ်တိုင်းကျဖြစ်စေချင်နေတာ၊ အရမ်း control လုပ်နေတာ၊ ချုပ်ချယ်နေတာမျိုးတွေက ကြာလာရင် ပြတ်ဆဲတဲ့အထိ ဖြစ်လာမယ့်အရာတွေပါ။ အရမ်းချစ်လို့ သည်းခံနေတဲ့သူတောင်မှ မွန်းကြပ်ပြီး ထားသွားနိုင်ပါတယ်။ ဒါကြောင့် လွှတ်ပေးသင့်တာတွေကို လွှတ်ပေးလိုက်ပါ။

EX တွေနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း

တစ်ခါတစ်လေလည်းမဟုတ်ပဲ ခဏခဏ EX တွေနဲ့ အမြဲတမ်း လိုက်နှိုင်းယှဉ်ပြီး ပြောဆိုတာမျိုးက အရမ်းစိတ်ပျက်စရာကောင်းတဲ့ အပြုအမူတွေပါ။ ကိုယ့်ချစ်သူက ကိုယ့်ကို သူများနဲ့နှိုင်းပြောတာကို ဘယ်သူမှမကြိုက်ကြတာ EX နဲ့ယှဉ်ပြောတာဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ကြာလာရင် ဒီကိစ္စတွေနဲ့ပဲ အဆင်မပြေဖြစ်ကြမှာပါပဲ။

အထက်စီးကနေပြောဆိုဆက်ဆံခြင်း

ကိုယ့်ချစ်သူအပေါ်မှာ အမြဲအထက်စီးကနေ ပြောဆိုဆက်ဆံပြီး၊ ဒေါသအရမ်းကြီးပြီး ကိုယ်ထိလိုက်ရောက် လုပ်တတ်တာမျိုးတွေ၊ လူရှေ့ဆို အော်ငေါက်တတ်တာမျိုးတွေ အဲ့လိုအကျင့်တွေရှိနေရင် အချစ်ရေးမှာ အဆင်မပြေပါဘူး။ ပြတ်ဆဲကြတဲ့အခါ ငါကအချစ်ရေးကံမကောင်းဘူးလို့ တွေးမိပါလိမ့်မယ်။

တကယ်တော့ ကိုယ့်လုပ်ရပ်တွေကြောင့် အချစ်ရေးအဆင်မပြေဖြစ်ပြီး ဘယ်သူနဲ့တွဲတွဲ ပြတ်နေတာကို အချစ်ရေးကံမကောင်းဘူးလို့ မခေါ်ပါဘူး။ ကိုယ့်ရဲ့မှားယွင်းနေတဲ့ အကျင့်တွေကို အရင်ပြင်ဆင်ရမှာပါ။