မိတ်ကပ်လိမ်းတဲ့အခါမှာ ထူပိန်းပြီး cakey ဖြစ်တာက ကြည့်ရဆိုးစေပါတယ်။ အချိန်ကြာလာလေ ပိုပြီးကြည့်ရဆိုးလေ ဖြစ်လာပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ သေချာလေးလိမ်းပေးဖို့ လိုပါတယ်။ များသောအားဖြင့် မိတ်ကပ်လိမ်းတဲ့အခါမှာ ထူပိန်းပြီး cakey ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းတွေကတော့….

Primer မလိမ်းခြင်း

မိတ်ကပ်လိမ်းတဲ့အခါမှာ primer လိမ်းဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ Primer လိမ်းပေးမှ မိတ်ကပ်သားညက်ညက်လေးနဲ့ လိမ်းရတာ ပြေပြစ်မှုရှိမယ်။ မိတ်ကပ်သားပိုကြာရှည်ခံပြီး ကြည့်လို့လှပါမယ်။ Primer မလိမ်းရင် မိတ်ကပ်လိမ်းထားတာ မွဲခြောက်ခြောက်နဲ့ cakey look မျိုး ထွက်လာတတ်ပါတယ်။

လိမ်းထားတဲ့ Primer ခြောက်တာကိုမစောင့်ခြင်း

လိမ်းထားတဲ့ primer တွေ မခြောက်သေးပဲ မိတ်ကပ်တွေထပ်လိမ်းပစ်တာမျိုး မလုပ်သင့်ပါဘူး။ မိတ်ကပ်လိမ်းထားတာ ကြည့်ရဆိုးသွားစေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လိမ်းထားတာကို အသားထဲစိမ့်ဝင်အောင် ခြောက်အောင် ခဏစောင့်ပြီးမှ လိမ်းသင့်ပါတယ်။

Moisturizer မလိမ်းခြင်း

Moisturizer မလိမ်းပဲ foundation တန်းလိမ်းမယ်ဆိုရင် အသားခြောက်ပြီး မိတ်ကပ်သား စိုစိုပြည်ပြည် မဖြစ်တော့ပါဘူး။ မိတ်ကပ်လိမ်းတဲ့အခါ ဆွဲလို့လည်းမကောင်းတော့ပါဘူး။ မိတ်ကပ် look ကလည်း cakey ဖြစ်နေပါလိမ့်မယ်။

ကိုယ့် Skin Type နဲ့ ကိုက်ညီမှုမရှိခြင်း

မိတ်ကပ်လိမ်းတဲ့အခါမှာ ကိုယ့် skin type နဲ့ ကိုက်ညီမှုမရှိတဲ့ foundation ကို ရွေးချယ်မိရင်လည်း အဆင်မပြေပါဘူး။ ဥပမာ အသားခြောက်တဲ့သူက matte type foundation ကို ရွေးချယ်မိရင် လိမ်းထားတာက ခြောက်ခြောက်ကြီးနဲ့ cakey ဖြစ်ကာ ကြည့်ရဆိုးစေပါတယ်။ Foundation shade ရွေးတာလည်း တူတူပါပဲ။

Foundation ကို အထူကြီးလိမ်းခြင်း

Foundation ကို အထူကြီးလိမ်းမိရင် မိတ်ကပ်သား ထူပိန်းပြီး လုံးဝကြည့်လို့မလှပါဘူး။ အထပ်ထပ်လိမ်းနေရင်လည်း cakey ဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် foundation ကို ပုံမှန်ပဲလိမ်းပြီး သေချာ blend ပါ။ လက်နဲ့လုံးဝမလိမ်းပါနဲ့။ ပါးပါးကြည်ကြည်လေး လိမ်းတာကတော့ အကောင်းဆုံးပါပဲ။

Setting Powder မသုံးခြင်း

မိတ်ကပ်လိမ်းပြီး နောက်ဆုံးမှာ setting powder လေး ပုပ်လိမ်းပေးမှ မိတ်ကပ်သား ပိုညီညာပြီး သိပ်သိပ်လေးဖြစ်ကာ ပိုလှသွားမှာပါ။ Setting powder မသုံးတဲ့အခါ အခန့်မသင့်ရင် မိတ်ကပ်က ဟိုကွက်ဒီကွက်နဲ့ မညီမညာဖြစ်ကာ ကြည့်ရဆိုးစေပါတယ်။ Setting powder သုံးတဲ့အခါမှာလည်း အများကြီးယူပြီး ပွတ်လိမ်းတာမျိုးမလုပ်ပါနဲ့။ ထူပြီး cakey ဖြစ်သွားတတ်ပါတယ်။ Powder brush နဲ့လိမ်းတာက အကောင်းဆုံးပါပဲ။