အခုက ကိုကြီးတွေခေတ်ဖြစ်နေတာဆိုတော့ ရည်းစားထားမယ်ဆိုရင် ကိုယ့်ထက်အသက်ကြီးပြီး တည်ငြိမ်ရင့်ကျက်တဲ့ ကိုကြီးတွေကို ဘာကြောင့်ရွေးချယ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

အတွေးအခေါ်ရင့်ကျက်တယ်

Source: www.kholic.id

ကိုယ့်ထက်အသက်ကြီးတဲ့သူဖြစ်လို့ အတွေးအခေါ်၊ အပြုအမူတွေက ကလေးမဆန်ပဲ ရင့်ကျက်မယ်။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ Smart ကျတဲ့ ကိုကြီးတွေကိုပဲ ရွေးချယ်လိုက်တော့။

ကလေးတစ်ယောက်လိုနေလို့ရမယ်

Source: www.weheartit.com

ကလေးတစ်ယောက်လို ဆိုးချင်တိုင်းဆိုးလို့ရမယ်၊ ကိုယ့်ကိုယ်လည်း ကလေးတစ်ယောက်လို ဆက်ဆံမယ်။ သူတို့က ပိုပြီးတော့လည်း ကြင်နာယုယတတ်လို့ အချော့ကြိုက်ရင်၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တာခံချင်ရင် ကိုကြီးတွေကိုရွေး။

ကိုယ့်အပေါ်ဆုံးမသွန်သင်လမ်းပြပေးမယ်

Source: www.kholic.id

ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ကြိုက်ရင် သွန်သင်ဆုံးမတာ ခံရမှာပါ။ ကိုယ်မှားနေတာတွေ၊ လိုအပ်တာတွေကို လူကြီးဆန်ဆန်နဲ့ ထောက်ပြပြီး ဆုံးမတတ်ကြတယ်။ ရှေ့ကနေအရာရာဦးဆောင်ပြီး ကိုယ့်ကိုယ်လမ်းပြပေးနိုင်တယ်။

ဘဝအကြောင်းကို သင့်ထက်ပိုနားလည်မယ်

Source: www.baogiaothong.vn

သူတို့က ကိုယ့်ထက်လည်းအသက်ကြီးပြီး ရင့်ကျက်တဲ့အတွက် ဘဝအကြောင်းကို ကိုယ့်ထက်ပိုပြီး နားလည်မယ်။ ဒါကြောင့် ကိုယ်မသိသေးတာတွေကို ပြောပြပေးနိုင်မယ်။

တည်ငြိမ်တဲ့အချစ်ရေးကိုတည်ဆောက်နိုင်မယ်

Source: www.wowkeren.com

ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကြီးတွေက တည်ငြိမ်တဲ့အရွယ်ရောက်ပြီမို့ အချစ်ရေးကို အလေးနက်ထားစဉ်းစားပြီး တစ်ယောက်ထဲကိုပဲ ရွေးချယ်ကြတာများပါတယ်။ ဒါကြောင့် တည်ငြိမ်တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။

အလုပ်အကိုင်အတည်တကျရှိမယ်

Source: www.baomoi.com

အလုပ်အကိုင်အတည်တကျရှိတဲ့အတွက် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်မယ်ဆိုလည်း ကိုယ့်ဘဝအတွက် စိတ်ချရမယ်။ ရည်းစားတစ်ယောက်ပြီးတစ်ယောက် တွဲနေတာထက် တစ်ယောက်ထဲနဲ့ပဲ ရေရှည်လက်တွဲပြီး သစ္စာရှိရှိချစ်သွားကြပါ။