တချို့ကတော့ မချစ်လို့လမ်းခွဲလိုက်ကြပေမယ့် တချို့ကျတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ရက်နဲ့ လမ်းခွဲလိုက်ရတယ်။ ဒီလို ချစ်ရက်နဲ့ လမ်းခွဲရတာ ဘာကြောင့်လဲဆိုရင်တော့ စုံတွဲတော်တော်များများမှာ အများဆုံးဖြစ်လေ့ရှိတဲ့ အဓိကပြဿနာက လေးမျိုးပဲရှိပါတယ်။

ပွင့်လင်းမှုမရှိတာ

စုံတွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိတာက အဆိုးဆုံးပါပဲ။ ပြဿနာတစ်ခုဖြစ်လာရင် ပွင့်ပွင့်လင်းလင်းပြောမှ ဖြေရှင်းလို့ရမှာကို မပွင့်လင်းရင် တစ်ယောက်ဘာဖြစ်နေလဲ တစ်ယောက်ကမသိဘူး။ ကိုယ်ကချစ်ရင် ချစ်တာကိုပွင့်လင်းပါ။ ဒါမှတစ်ဖက်လူကသိမှာ။ ကိုယ်မကျေနပ်တာရှိရင်လည်း ပြောမှ တစ်ဖက်ကသိမှာပါ။

ဒေါသကြီးတာ

ဒေါသကြီးလွန်းရင် မျက်လုံးထဲဘာမှမမြင်တော့ဘူး။ ဘာမှမစဉ်းစားနိုင်တော့ပဲ စိတ်လက်မာန်ပါလုပ်မိမယ်။ ဒေါသထွက်တုန်းမှာ သွေးပူပြီးလုပ်လိုက်မိတာတွေက ပြီးသွားတဲ့အခါကျမှ နောင်တရနေတတ်ပါတယ်။

အတ္တကြီးတာ၊ မာနထားတာ

ကိုယ်ချစ်တာကို ထုတ်ပြရမှာကို မလုပ်ချင်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် မာနတွေထားကြတယ်၊ အတ္တတွေကြီးကြတယ်။ တချို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ရက်နဲ့ လမ်းခွဲပြီး ပြန်ဆက်သွယ်ချင်တာတောင် မာနတွေ၊ အတ္တတွေကြောင့် ပြန်မဆက်သွယ်ဖြစ်ကြတော့ဘူး။

အချိန်မပေးနိုင်တာ

တစ်ယောက်နဲ့တစ်ယောက်ကတော့ တကယ်လည်းချစ်ကြတယ်။ ဒါပေမယ့် တစ်ယောက်က အချိန်မပေးနိုင်ရင် ကြာလာတဲ့အခါ တစ်ဖက်လူက စိတ်ခုလာတယ်။ ဒီလိုနဲ့ပဲ ဝေးကွာသွားတတ်ကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက်လည်း သစ္စာရှိတယ်၊ ချစ်လည်းချစ်ကြတယ်။ ဒါပေမယ့် ပြတ်သွားတာ ဘာကြောင့်လဲဆိုတာကို အဖြေရှာမရရင်တော့ ဒီအချက်တွေကြောင့်လားဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။

Photo Source: www.freepik.com