တချို့ယောင်္ကျားလေးတွေက ကိုယ့်ကိုတကယ်ချစ်လို့ သည်းခံခွင့်လွှတ်ပြီး အနားမှာနေနေတဲ့ မိန်းကလေးဆိုရင် တန်ဖိုးမထားတတ်ကြဘူး။ ဝေးသွားမှသာ နောင်တရတတ်ကြတယ်။ အခုပြောပြမယ့်အချက်တွေကို သင့်ကောင်မလေးက လုပ်ပေးနေတယ်ဆိုရင်တော့ သူသင့်ကို တကယ်ချစ်လို့ပါပဲ။

အမေတစ်ယောက်လို သင့်အပေါ်မှာ အစစအရာရာ ဂရုစိုက်ပေးတယ်။

သင်တောင်းဆိုစရာ၊ ပြောစရာမလိုပဲနဲ့ကို သူ့သဘောနဲ့သူ လိုလိုလားလား သင့်အတွက်ဆို အနစ်နာခံပေးတယ်။

သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်စိတ်တိုစရာကောင်းကောင်း သည်းခံပေးတယ်။ ကြင်နာပေးတယ်။

သင်အမှားလုပ်သမျှကိုလည်း အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တယ်။ တကယ်မချစ်ပဲနဲ့တော့ ဘယ်သူ့မှ အကြိမ်ကြိမ်ခွင့်လွှတ်မပေးပါဘူး။

Source: framepool.com

သင်မကောင်းတာလုပ်ရင် ခွင့်မပြုဘူး။ ဥပမာ – အတန်းပျက်တာမျိုး၊ အရက်အလွန်အကျွံသောက်တာမျိုးပေါ့။ ဒီလိုမကောင်းတာမျိုးဆို သင်ကောင်းဖို့အတွက်တားမယ်၊ ခွင်မပြုဘူး။

သင့်ကို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာအောင်၊ လူကောင်းတစ်ယောက်၊ လူတော်တစ်ယောက်ဖြစ်လာအောင် အမြဲတွန်းအားပေးမယ်။ လမ်းပြပေးမယ်။

သင့်အိမ်မက်တွေဖြစ်လာဖို့အတွက် သူမကအမြဲအားပေးကူညီပြီး Support လုပ်ပေးပါလိမ့်မယ်။

သင်ရှုံးနိမ့်သွားရင်တောင် ထားမသွားပဲ ကောင်းကောင်း၊ ဆိုးဆိုး သင့်အနားမှာပဲ အမြဲရှိနေပါလိမ့်မယ်။

Source: relateinstitute.com

သူမရဲ့မိဘတွေ၊ သူငယ်ချင်းတွေ အကုန်လုံးနဲ့ သင့်ကိုမိတ်ဆက်ပေးပါလိမ့်မယ်။

သင့်အချစ်ဆုံးသူတွေ၊ သင်ချစ်တဲ့သူတွေနဲ့ ရင်းနှီးအောင်၊ အဆင်ပြေအောင် နေပေးပါလိမ့်မယ်။

ဒီလိုအချက်တွေ တော်တော်များများနဲ့တိုက်ဆိုင်နေပြီဆိုရင်တော့ သူမဟာ သင့်ကိုတကယ်ချစ်တာဖြစ်တဲ့အပြင်၊ အရမ်းချစ်တဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေးကို အရင်ထက်ပိုချစ်ပြီး တန်ဖိုးထားပေးပါ။

Source: www.y-axis.com.au