Relationship တစ်ခုမှာ ချစ်နေရုံနဲ့မပြီးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့၊ Respect ရှိဖို့လည်း လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Respect မရှိတဲ့အခါမှာ ဒီလိုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ခဏခဏရန်ဖြစ်စကားများရခြင်း

တစ်ယောက်နဲ့တစ်ယောက် Respect မရှိရင် ခဏခဏ ရန်ဖြစ်စကားများရပါလိမ့်မယ်။ တစ်နေ့တစ်နေ့ စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်၊ ရန်ဖြစ်စကားများလိုက်နဲ့ပဲ သံသရာလည်နေပါလိမ့်မယ်။

နားလည်မှုမရှိဖြစ်လာခြင်း

တစ်ယောက်နဲ့တစ်ယောက် Respect မရှိရင် နားလည်မှုတည်ဆောက်ဖို့လည်း မလွယ်ပါဘူး။ အရေးမပါတဲ့ကိစ္စသေးသေးလေးကအစ နားလည်မှုမရှိတော့ပဲ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပဲမြင်နေတော့မှာပါ။ ဒါဆိုရင် ဒီ Relationship ကြီးက ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

အနိုင်လိုချင်စိတ်တွေများလာခြင်း

သူတောင်ငါ့အပေါ် Respect မရှိသေးတာပဲ ငါလည်းသူ့လိုပြန်လုပ်မယ်ဆိုတဲ့ စိတ်မျိုးသာဝင်သွားရင် တစ်ယောက်နဲ့တစ်ယောက် Respect မရှိတာတွေက ပိုဆိုးလာပြီး အနိုင်လိုချင်စိတ်တွေပဲ ပြင်းထန်လာပါလိမ့်မယ်။

အရှက်ကွဲခြင်း

 

လူရှေ့သူရှေ့လည်း မပြောသင့်တာ၊ မလုပ်သင့်တာတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် Respect မရှိရင် အရှက်ကွဲစရာတွေအထိ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ချစ်နေရုံနဲ့မပြီးပဲ Respect ရှိဖို့လည်း လိုအပ်တယ်လို့ပြောတာပါ။

စိတ်ပျက်လာခြင်း

ဒီလို Respect မရှိတာတွေက အစပိုင်းတော့ ချစ်တဲ့စိတ်ကြောင့် သည်းခံနိုင်ကြပေမယ့် များလာတဲ့အခါ၊ ကြာလာတဲ့အခါမှာတော့ စိတ်ပျက်လာပါလိမ့်မယ်။ ဒီထက်ပိုပြီး အရမ်းလွန်တဲ့ အခြေအနေကို ရောက်လာရင်တော့ လမ်းခွဲလိုက်ရတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။