Relationship တစ်ခုမှာ ပြဿနာတွေ ခဏခဏတွေဖြစ်နေရင် ဘယ်တော့မှ ကြာကြာပျော်ရမှာလည်း မဟုတ်သလို၊ တည်မြဲမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် တည်မြဲတဲ့ Relationship ကိုလိုချင်ရင် ဆင်ခြင်နိုင်မှ ရပါမယ်။ ဒီလိုဆင်ခြင်လို့ရအောင် စုံတွဲတွေအတွက် ခဏလေးနဲ့ ပြတ်ဆဲသွားနိုင်တဲ့ Relationship ပြဿနာတွေကို ပြောပြပေးလိုက်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်အချိန်ပေးပါ။ ငါနဲ့ပဲ တစ်ချိန်လုံးပြော၊ ငါ့ကိုပဲတစ်ချိန်လုံး ဂရုစိုက်ဆိုတဲ့ စိတ်မျိုးမထားပါနဲ့။ အဲ့လိုမဟုတ်ပဲ တစ်ချိန်လုံး တစ်ခုချင်းစီလိုက်ကြည့်ပြီး အပြစ်တွေပြောနေမယ်၊ ပြဿနာရှာနေမယ်ဆိုရင် ကြာလာတဲ့အခါ အဆင်မပြေတော့ပါဘူး။

အရမ်းလိုက်ချုပ်ချယ်လွန်းရင်လည်း ခဏလေးနဲ့ ပြတ်ဆဲသွားပါလိမ့်မယ်။ ချစ်လို့ချုပ်ချယ်တာ၊ သဝန်တိုတာကို လက်ခံပေးလို့ရပေမယ့် တစ်ချိန်လုံး ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ တစ်ခုချင်းလိုက်ပြောပြီး ချုပ်ချယ်နေမယ်ဆိုရင်တော့ အဆင်ပြေကြမှာမဟုတ်ပါဘူး။

မလုပ်ဘူးလို့ ကိုယ်တိုင်ဂတိပေးထားတာတွေကို ချိုးဖောက်ပြီး ခဏခဏလုပ်တာကြောင့် ပြဿနာတက်ပြီး တစ်ဖက်လူက စိတ်ပျက်သွားပါလိမ့်မယ်။ ကိုယ်မလုပ်နိုင်ရင် ကတိမပေးပါနဲ့။ ကတိပေးပြီးရင်လည်း တည်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ တစ်ဖက်ကလည်း ရွဲ့တတ်တဲ့သူဆိုရင် ပြန်အရွဲ့တိုက်နေတာနဲ့ပဲ ချစ်ရမယ့်၊ ကြည်နူးရမယ့်အချိန်ထက် ရန်ဖြစ်စကားများပြီး ပြဿနာဖြေရှင်းနေရတဲ့အချိန်က ပိုများနေပါလိမ့်မယ်။ ဒီလို Relationship မျိုးဆိုရင်တော့ ခဏလေးနဲ့ ပြတ်ဆဲသွားဖို့ ရာခိုင်နှုန်းများပါတယ်။

photo source: www.pinterest.com