တူတူရှိနေတဲ့၊ အနေနီးနေတဲ့သူတွေတောင်မှ ခဏခဏ ရန်ဖြစ်စကားများတာ၊ ပြဿနာတက်တာတွေ ဖြစ်တာဆိုတော့ LDRS တွေဆိုရင် နားလည်မှုသေချာမထားတဲ့အခါ ပိုတောင် ဖြစ်စေပါတယ်။ တစ်ခုခုဆိုရင် အပြင်မှာပြေးတွေ့လို့လည်းမရတော့ ပိုပြီးအဆင်မပြေဖြစ်ရပါတယ်။ များသောအားဖြင့် LDRS တွေကြားမှာ အများဆုံးဖြစ်လေ့ရှိတာကတော့ ဒီလို Relationship ပြဿနာတွေပါပဲ။

အထီးကျန်ခြင်း

LDRS တွေကြားမှာ အဓိကဖြစ်တဲ့ ပြဿနာကတော့ အထီးကျန်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာလည်း မတွေ့ရပဲ အနေဝေးနေတော့ တစ်ခါတစ်လေကျရင် အထီးကျန်သလို ခံစားရတတ်ပါတယ်။ တစ်ယောက်က အလုပ်များနေချိန်၊ တစ်ယောက်ကအားနေရင် ပိုပြီးအထီးကျန်ရပါတယ်။ နှစ်ယောက်လုံးအလုပ်တွေနဲ့ ပင်ပန်းနေချိန်မှာလည်း တစ်ခါတစ်လေ တွေးမိတဲ့အခါ အရမ်းသတိရတာမျိုး၊ အထီးကျန်တာမျိုးတွေ ဖြစ်ရပါတယ်။

ယုံကြည်မှုနည်းခြင်း

တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေချိန်မှာ ယုံကြည်မှုရှိဖို့နဲ့ သစ္စာရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဒါပေမယ့် ယုံကြည်မှုနည်းနေရင်တော့ နှစ်ယောက်လုံးအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ခဏခဏ ရန်ဖြစ်စကားများလိုက်၊ ပြဿနာတွေဖြေရှင်းလိုက်နဲ့ စိတ်ညစ်လာရမှာပါ။ ဒါကြောင့် အနေဝေးနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားပြီး တစ်ဖက်လူ ယုံကြည်မှုရှိအောင်လည်း နေပေးပါ။

စိတ်မချဖြစ်ခြင်း

LDRS တွေရဲ့ ပြဿနာက စိတ်မချတာပါပဲ။ စိတ်မချတော့ တစ်ခုခုဆို မသွားနဲ့မလာနဲ့ စသဖြင့် လိုက်ချုပ်ချယ်တတ်ကြပါတယ်။ ဒီလိုချုပ်ချယ်တာတွေက ကြာလာရင် ပြဿနာဖြစ်လာမှာပါ။ စိတ်မချတော့ သံသယတွေများလာပြီး ဘာမှမဟုတ်တာလေးနဲ့လည်း စကားများရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

အဆက်အသွယ်နည်းခြင်း

တွေ့ချင်တိုင်း ပြေးတွေ့လို့မရတဲ့အတွက် LDRS တွေက အဆက်အသွယ် များများလုပ်သင့်ပါတယ်။ ခဏခဏဖုန်းပြောတာ၊ တစ်နေ့ကို အနည်းဆုံး ၂ ခါတော့ ဖုန်းပြောသင့်ပါတယ်။ နေ့တိုင်းလည်း Video Call ပြောသင့်ပါတယ်။ ဆက်သွယ်လို့ခက်ခဲတဲ့ ခေတ်လည်းမဟုတ်တော့တဲ့အတွက် အမြဲတမ်းစာပို့တာ၊ ဖုန်းဆက်တာတွေက လုပ်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ အဆက်အသွယ်နည်းရင်တော့ ရေရှည်မှာ Relationship ကို ထိခိုက်လာနိုင်ပါတယ်။