Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိရင် ဘယ်လောက်ချစ်ချစ် အဆင်မပြေနိုင်ပါဘူး။ ရေရှည်မှာ စိတ်ညစ်စရာတွေ ရှိလာမှာပါပဲ။ တစ်ယောက်က နားလည်မှုရှိပြီး တစ်ယောက်က နားလည်မှုမရှိရင်လည်း အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် နားလည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက ်နားလည်မှုမရှိတဲ့ Relationship မှာတော့ ဒီလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။

ခဏခဏရန်ဖြစ်စကားရခြင်း

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတဲ့အတွက် ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ရင်းနဲ့ ရန်ဖြစ်စကားများနေရတာနဲ့ပဲ ပိုအချိန်ကုန်နေပါလိမ့်မယ်။ ဘာမဟုတ်တာတွေကအစ ရန်ဖြစ်စကားများနေရပါလိမ့်မယ်။

စိတ်ကုန်လာခြင်း

နားလည်မှုမရှိတာတွေကြောင့် ပြဿနာတွေပဲရှင်းနေရတာတွေကြောင့် ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်ကုန်လာပြီး ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

မွန်းကြပ်ပြီးစိတ်ဆင်းရဲလာခြင်း

ရန်ဖြစ်စကားများပြီး မခေါ်မပြောကြတဲ့အချိန်မှာတောင် စိတ်ညစ်တာ၊ စိတ်ဆင်းရဲတာတွေ ဖြစ်တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိလို့ ခဏခဏရန်ဖြစ်စကားများနေကြမယ်ဆိုရင် ကြာလာတဲ့အခါ ဒီလူနဲ့တွဲရတာ ဒီ Relationship ထဲမှာနေရတာ မွန်းကြပ်ပြီး စိတ်ဆင်းရဲလာပါလိမ့်မယ်။ ဒီကနေရုန်းထွက်ချင်တဲ့ အတွေးတွေ ဝင်လာပါလိမ့်မယ်။

အချစ်တွေလျော့လာခြင်း

ရန်ဖြစ်စကားများရင် စကားနိုင်လုပြီး တစ်ယောက်နဲ့တစ်ယောက် မပြောသင့်တာ မလုပ်သင့်တာတွေ လုပ်တတ်ကြတာပါပဲ။ တစ်ခါတစ်လေမဟုတ်ပဲ ခဏခဏဆိုရင်တော့ နှစ်ယောက်လုံးမဟုတ်တောင် တစ်ယောက်ယောက်ဘက်က အချစ်တွေလျော့လာတာမျိုး ဖြစ်လာနိုင်ပါတယ်။

လမ်းခွဲပြတ်ဆဲခြင်း

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိတဲ့ Relationship အခြေအနေက ဆိုးရွားလာရင်တော့ လမ်းခွဲပြတ်ဆဲခြင်းအခြေအနေကို ရောက်သွားတော့တာပါပဲ။ ချစ်ရက်နဲ့ နားလည်မှုမရှိတဲ့ ပြဿနာတွေကြောင့် ကွဲသွားကြတဲ့စုံတွဲတွေ အများကြီးပါပဲ။