မိတ်ကပ်လိမ်းတဲ့အခါမှာ Primer ခံလိမ်းပေးမှ မိတ်ကပ်သားပိုကြာရှည်ခံပြီး မိတ်သားကွက်တာတွေလည်း မဖြစ်မှာပါ။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း ဖုံးပေးနိုင်လို့ Primer သုံးသင့်ပါတယ်။ သုံးတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ အဆင်ပြေတဲ့ Primer မျိုးကို ရွေးသုံးပေးဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အဆီပြန်တဲ့ Oily Skin တွေနဲ့ အသင့်တော်ဆုံးဖြစ်သလို အကောင်းဆုံးလည်းဖြစ်တဲ့ Primer တွေကို မျှဝေပေးလိုက်ပါတယ်။
No7 Airbrush Away Original Primer
Anti-Aging Effect လည်းပါလို့ အရေးအကြောင်းတွေအတွက်လည်း ကောင်းပါတယ်။ Hyaluronic Acid အဓိကပါပြီး လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်လွယ်ပါတယ်။ လိမ်းရတာ ပေါ့ပါးမှုရှိပြီး အသားအရေကို ချော့မွေ့စေတယ်၊ ချွေးပေါက်တွေကို သေချာဖုံးပေးနိုင်တယ်၊ မိတ်ကပ် Look လည်း ပိုလှစေပါတယ်။
Maybelline New York Face Studio Master Prime Blur + Smooth Primer
ဈေးသင့်တင့်ပြီး သုံးလို့ကောင်းတာကြောင့် လူကြိုက်များတဲ့ Primer တစ်ခုဖြစ်ပါတယ်။ ချွေးပေါက်အရမ်းကျယ်တဲ့သူတွေနဲ့ဆို ပိုတောင်အဆင်ပြေပါသေးတယ်။ လိမ်းရတာလည်း ပေါ့ပါးမှုရှိပြီး အသားအရေချောမွေ့စေပါတယ်။
E.L.F. Cosmetics Matte Oil-Control Primer
အဆီပြန်တာကိုထိန်းပေးပြီး အသားအရေကြည်ကြည်လေးနဲ့ မိတ်ကပ် Look ပိုလှစေပါတယ်။ ချွေးပေါက်တွေကိုလည်း ဖုံးပေးပြီး Tea Tree Oil ပါလို့ အဆီပြန်ပြီး ဝက်ခြံ၊ အဆီဖုထွက်တဲ့သူတွေပါ သုံးလို့အဆင်ပြေပါတယ်။
Tom Ford Traceless Soft Matte Primer
အဆီအရမ်းပြန်တဲ့သူတွေ၊ T-zone အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ Salicylic Acid ပါလို့ ဝက်ခြံသမားတွေပါ သုံးလို့အဆင်ပြေပါတယ်။ အဆီပြန်တာကိုထိန်းပေးပြီး မိတ်ကပ် Look အရမ်းလှလို့ လူကြိုက်များတဲ့ Primer တစ်ခုပါပဲ။
MAC Studio Fix Mattifine 12 Hour Shine Control Primer
အဆီပြန်ပြီး ချွေးပေါက်ကျယ်တဲ့သူတွေအတွက် အဆီထိန်းပေးပြီး မိတ်ကပ်ကို Long Lasting ဖြစ်စေပါတယ်။ ချွေးပေါက်တွေကိုလည်း သေချာဖုံးပေးပြီး အသားအရေချော့မွေ့ကာ မိတ်ကပ်လိမ်းရတာလည်း ပိုပြီးလွယ်ကူစေပါတယ်။ အဆီထိန်းပေးတယ်ဆိုပြီး အသားခြောက်တာမျိုးလည်း လုံးဝမဖြစ်စေပါဘူး။