မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့အခါမှာ ကိုယ်ပြင်ဆင်လိုက်တဲ့ ပုံစံပေါ်မူတည်ပြီး မျက်နှာက ပြောင်းလဲသွားစေပါတယ်။ ပိုလှသွားတာလည်းရှိသလို ပိုပြီးရုပ်ဆိုးသလို ဖြစ်သွားစေတာလည်း ရှိပါတယ်။ ဒါ့အပြင် ရုပ်ပိုနုသွားတာလည်းရှိသလို ရုပ်ပိုရင့်သွားစေတာလည်း ရှိပါသေးတယ်။ ဒီပြင်ဆင်ပုံတွေကတော့ သင့်ကို ပုံမှန်ထက်ပိုပြီး ရုပ်ရင့်သလို ဖြစ်သွားစေမယ့် ပြင်ဆင်မှုတွေပဲ ဖြစ်ပါတယ်။

Full Makeup Look

အခုနောက်ပိုင်း over makeup look, full makeup look တွေလည်း သိပ်မပြင်ကြတော့ပါဘူး။ ပွဲတက်လောက်ပဲ ပြင်ကြတာပါ။ ပါးပါးကြည်ကြည် look လေးတွေ၊ natural look လေးတွေက ပိုပြီးတော့ ခေတ်စားလာပါတယ်။ ဒီလို full makeup look တွေက သင့်ကို ပိုပြီးရုပ်ရင့်သလို ဖြစ်သွားစေပါတယ်။

Concealer အသုံးမှားခြင်း

မိတ်ကပ်ပြင်ရင် concealer သုံးသင့်ပေမယ့်လည်း သုံးတာများသွားရင် cakey ဖြစ်ပြီး ပြင်ထားတာမလှတော့သလို ရုပ်လည်းပိုရင့်သလို ဖြစ်သွားစေပါတယ်။

Dark Eyeshadow ခြယ်ခြင်း

မိတ်ကပ်ပြင်တဲ့အခါမှာ မျက်နှာလေးလင်းတဲ့ပုံစံတွေ light ဖြစ်တဲ့ eyeshadow color လေးတွေကို ခြယ်တာက ပိုပြီးလူငယ်ဆန်စေသလို မျက်နှာလေးလည်း ပိုနုသွားစေပါတယ်။ Dark eyeshadow တွေ smokey eyeshadow look တွေခြယ်တာကျတော့ နည်းနည်းပိုပြီး ရုပ်ရင့်သလို ဖြစ်သွားစေပါတယ်။

Eyeliner သုံးတာမှားနေခြင်း

Eyeliner ကို အထူကြီးဆွဲတာတွေ၊ မျက်လုံးအောက်ကိုပါ eyeliner အပြည့် မဲနက်နေအောင်ခြယ်တာတွေက နည်းနည်းပိုပြီး ရုပ်ရင့်သလို ဖြစ်သွားစေပါတယ်။

မျက်ခုံးမွှေးအထူကြီးဆွဲခြင်း

အခုနောက်ပိုင်းမှာတော့ မျက်ခုံးမွှေးကို natural look လေးတွေပဲ ဆွဲကြတာပါ။ အရမ်းထင်းနေအောင်ဆွဲတာ၊ မျက်ခုံးမွှေးအကြီးကြီးတွေဆွဲတာက ပိုပြီးရုပ်ရင့်စေတာကြောင့် သတိထားသင့်ပါတယ်။

မျက်ကွင်းညိုတဲ့နေရာကို Concealer မလိမ်းခြင်း

 

မျက်ကွင်းညိုနေရင် မျက်နှာကနည်းနည်းရင့်သလို ဖြစ်စေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတဲ့နေရာ၊ မျက်ကွင်းကျနေတာတွေကို concealer သုံးပေးဖို့လိုပါတယ်။ မိတ်ကပ်ပြင်မယ်ဆိုရင် concealer က မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါပဲ။

Powder လိမ်းပုံမှားခြင်း

မိတ်ကပ်သိပ်မပြင်တတ်တဲ့သူအများစုက မိတ်ကပ်ပြင်ပြီးလို့ powder လိမ်းပြီဆိုရင် ဖြူသွားရင်ပြီးရော အများကြီးလိမ်းတာ၊ ပွတ်ဆွဲပြီးလိမ်းတာတွေ လုပ်တတ်ကြပါတယ်။ မိတ်ကပ်ထူထူကြီးဖြစ်ပြီး cakey look ဖြစ်သွားရင် ရုပ်ပိုရင့်သွားစေပါတယ်။ ဒါကြောင့် powder brush လေးတွေနဲ့ယူလိမ်းတာမျိုး၊ ပါးပါးလေးပဲ ပုတ်ပုတ်ပြီးလိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။