နှစ်အသစ်ကနေစပြီး အရင်ပိုပျော်ရွှင်အောင်၊ ကျန်းမာအောင်နေမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အသေးစိတ်ကအစ သေချာဂရုစိုက်နိုင်ဖို့ လိုပါတယ်။ အဓိကက ကျန်းမာမှလည်း အပြည့်အဝပျော်ရွှင်နိုင်မှာပါ။ ဒါကြောင့် အရင်ထက်ပိုပြီးကျန်းမာတဲ့ Lifestyle ကိုလိုချင်သူတိုင်း ဒီအချက်လေးတွေကိုတော့ လိုက်နာဖို့ လိုပါလိမ့်မယ်။

ကျန်းမာအောင်စားသောက်ပါ

အစားအသောက်စားတဲ့အခါမှာ ကျန်းမာတဲ့ အစားအသောက်တွေ၊ သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေကို သေချာရွေးချယ်စားသုံးပါ။ မနက်စာ Breakfast ကို အမြဲစားပါ။

ဆားနဲ့သကြားလျော့စားပါ

ဆီးချို၊ သွေးတိုးဖြစ်စေတဲ့ ဆားနဲ့သကြားကို လျော့စားပေးပါ။ အငံလျော့စားပါ။

ဆီကြော်မုန့်တွေလျော့စားပါ

ဆီကြော်မုန့်တွေက စားပြီးရင်းစားချင်တာပဲရှိတယ်။ ကျန်းမာရေးအတွက်လည်း ဘာကောင်းကျိုးမှမရှိသလို၊ အလှအပအတွက်ဆိုရင်လည်း အဆီတက်၊ ဝိတ်တက်ပြီး အခန့်အသင့်ရင် ဝက်ခြံ၊ အဆီဖုတွေတောင် ထွက်စေပါသေးတယ်။

အရက်သောက်တာကိုရှောင်ပါ

အရက်သောက်တာကို ရှောင်ရင်တော့ အကောင်းဆုံးပါ။ အရမ်းကြိုက်လွန်းလို့ မသောက်ရမနေနိုင်ဖြစ်နေရင်တောင် အရင်ထက် လျော့သောက်ပါ။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက ကျန်းမာရေးကို အရမ်းထိခိုက်စေပြီး ဘာကောင်းကျိုးမှမရှိတဲ့အတွက် မသောက်ပဲနေနိုင်အောင် ကြိုးစားသင့်ပါတယ်။

ရေများများသောက်ပါ

ကျန်းမာရေးအတွက် ရေများများသောက်ပေးခြင်းကလည်း အရမ်းကိုကောင်းမွန်တဲ့အရာတစ်ခုပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေကိုပဲ များများသောက်ပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်မမှန်ပဲ၊ အိပ်ရေးပျက်တာတွေများလာရင်လည်း ကျန်းမာရေးကို ထိခိုက်စေတာကြောင့် လူတစ်ယောက်မှာ အိပ်ချိန်ကလည်း အရမ်းကို အရေးကြီးပါတယ်။

Active ဖြစ်အောင်နေပါ

လူရောစိတ်ပါလန်းဆန်းနေမှလည်း ကျန်းမာဖျက်လတ်နေမှာပါ။ ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ မှိုင်မှိုင်ထွေထွေမနေပါနဲ့။ Active ဖြစ်အောင်နေပါ။

လေ့ကျင့်ခန်းအမြဲလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျန်းမာရေးအတွက် အရမ်းကို အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ယောဂကျင့်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် ပုံမှန်အမြဲတမ်း လုပ်သွားပေးပါ။

စိတ်ပျော်အောင်နေပါ

စိတ်ပျော်နေမှ၊ စိတ်ချမ်းသာနေမှလည်း လူရောစိတ်ပါ ကျန်းမာလန်းဆန်းနေမှာပါ။ ဒါကြောင့် ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မခင်တွယ်ပါနဲ့။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်အပေါ်ကောင်းတဲ့သူတွေနားမှာပဲ နေပါ။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားပါ။ အများကြီးလျှောက်တွေးပြီး စိတ်ဆင်းရဲမခံပါနဲ့။ စိတ်ဆင်းရဲတာတွေများနေရင်လည်း ကျန်းမာရေးထိခိုက်စေပါတယ်။