အခုခေတ်မှာ အမျိုးသမီးတိုင်းလိုလို ရှက်မွှေးတွေကို ဖယ်ရှားနေကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့နေရာက အသားအရေကို ချောမွေ့ပြီး နူးညံ့စေချင်လို့ပါ။ တချို့ကျတော့လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ရိတ်တတ်ကြပါတယ်။

မကြာသေးခင်က လေ့လာမှုတစ်ခုမှာတော့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ Private နေရာက အမွှေးအမျှင်တွေကို ပြောင်ရှင်းအောင် ရိတ်တတ်ကြပါတယ်တဲ့။ ဒီကိစ္စက သာမန်လုပ်နေကျ ကိစ္စတစ်ခုတောင်ဖြစ်လာပါပြီ။ ဒါပေမဲ့ ပညာရှင်တွေကတော့ အမွှေးရိတ်ခြင်းက ဘေးထွက်ဆိုးကျိုးတွေ အန္တရာယ်တွေရှိတယ်လို့ ဆိုထားကြပါတယ်။

Source: Glamour

သင့်ရဲ့ ဆီးခုံမွှေးတွေကို Waxing လုပ်တာ ဒါမှမဟုတ် ရိတ်တာမျိုးမလုပ်ဖို့ အကြံပေးလိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ဂျာနယ်တစ်ခုမှာ ပညာရှင်တစ်ဦးက အမျိုးသမီးတွေဟာ အမွှေးရိတ်ခြင်းကို ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲ တွေးတောခြင်းမရှိဘဲ ပြုလုပ်နေကြပါတယ်တဲ့။ မအင်္ဂါအနီးတဝိုက်နားက အမွှေးတွေကို ရိတ်ခြင်းဟာ သင့်အတွက်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အဲ့အနီးတဝိုက်က အရေပြားဟာ နူးညံ့ပြီး ထိရှလွယ်ပါတယ်။

မအင်္ဂါနားက အရေပြားဟာ ရိတ်ပြီးနောက်မှာ ယားယံတတ်ပါတယ်။

Source: Young Women’s Health

ဒါ့အပြင် ခါးအောက်ပိုင်းအစိတ်အပိုင်းတွေဟာ ချွေးထွက်ဂလင်းတွေအများအပြားရှိရာ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေဟာ ဘတ်တီးရီးယားတွေ ခိုအောင်းဖို့ နေရာကောင်းတွေဖြစ်နေပါတယ်။ အရေပြားထိခိုက်သွားတဲ့အချိန်မှာ ရောဂါပိုးကူးစက်ဖို့ လွယ်ကူသွားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါဝင်ရောက်မှုကိုလည်း ဆီးခုံမွှေးတွေက တားဆီးပေးနိုင်ပါတယ်။

Source: FHM Philippines

ဒါကြောင့် သင့်ရဲ့ Private နေရာက အမွှေးအမျှင်တွေကို ရိတ်မယ့်အချိန် ဂရုစိုက်ပေးသင့်ပါတယ်။ ရိတ်တာထက် ညှပ်တာကတော့ အကောင်းဆုံးပါ။

By MyStyle Myanmar