ဓာတ်ပုံတစ်ခါရိုက်ပြီဆို ဘယ်လိုပို့စ်ပေးရမလဲ စဉ်းစားရတာက အလုပ်တစ်လုပ်ပဲနော်။ တချို့ကျတော့ ပို့စ်ပေးတတ်တယ်။ တချို့ကျတော့လည်း ပို့စ်မပေးတတ်ဘူး။ တချို့ကျပြန်တော့လည်း ပို့စ်ပေးနည်းမှားနေတော့ ကြည့်ရတာ တစ်မျိုးကြီးဖြစ်ပြီး မလှတော့ဘူး။

ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ ကြည့်ရဆိုးစေတဲ့ ပို့စ်ပေးနည်းအမှားတွေနဲ့ ဘယ်လိုပြင်ပြီး ပို့စ်ပေးရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

လှေကားတို့ ခုံတို့မှာ ထိုင်ရိုက်ရင် ခြေစုထိုင်ပြီးရိုက်တာမျိုးက ဓာတ်ပုံရိုက်ရင်မလှတဲ့အတွက် ပုံမှာပြထားတဲ့အတိုင်း ပို့စ်ပေးပါ။

ခုံအမြင့်မှာထိုင်ရိုက်တဲ့အခါမှာ ပို့စ်ပေးရင် ြခေထောက်ကို ကားကားကြီးမနေပဲ အမှန်ခြစ်ထဲက ပုံအတိုင်းလေးနေပါ။

မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်ရင် တောင့်တောင့်ကြီးနေတာက ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အမှန်ခြစ်ပုံထဲကအတိုင်း သေချာပို့စ်ပေးတတ်အောင်လုပ်ပါ။

ဓာတ်ပုံရိုက်ရင် လက်ပြင်ကုန်းကုန်းကြီးမနေပါနဲ့။ အရမ်းကြည့်ရဆိုးပါတယ်။ အမှန်ခြစ်ပုံထဲကအတိုင်းလေး ပို့စ်ပေးပါ။

ထိုင်ပြီးရိုက်ရင် ြခေထောက်ကိုစုစုကြီးနေတာက ခန္ဓာကိုယ်အချိုးအစားကိုပါ ရုပ်ဆိုးသွားစေပါတယ်။ ဒါကြောင့် အမှန်ခြစ်ထဲကအတိုင်းလေးထိုင်ပြီး ပို့စ်ပေးပါ။

Mirror Selfie ရိုက်တဲ့အခါမှာလည်း တောင့်တောင့်ကြီးမနေပါနဲ့။ ခြေထောက်လေးကို တစ်စောင်းအနေအထားနဲ့ ရှေ့ထုတ်ရိုက်ပါ။ အရပ်လည်းပိုရှည်သလိုဖြစ်သွားစေပါတယ်။

အမှားခြစ်ပုံထဲကအတိုင်း ပို့စ်ပေးတာက အရမ်းကြည့်ရဆိုးစေပါတယ်။ ဒီလိုပို့စ်မျိုးကိုရှောင်ပြီး အမှန်ခြစ်ထဲကအတိုင်းလေး ပို့စ်ပေးတတ်ဖို့လိုတယ်နော်။

မတ်တပ်ရပ်ပြီးဓာတ်ပုံရိုက်ရင် ခြေထောက်ကားပြီး တောင့်တောင့်ကြီးနေတာက မလှပါဘူး။ လက်ကိုပါ အနေအထားမှန်အောင် ထားတတ်ဖို့လည်း လိုပါသေးတယ်။ လှပတဲ့ပုံလေးလိုချင်ရင်တော့ သေချာပို့စ်ပေးတတ်မှ ဖြစ်မှာနော်။

ရေကူးဝတ်စုံနဲ့ ထိုင်ပြီးရိုက်ရင် ကျုံ့ကျုံ့ကြီးထိုင်ပြီး မရိုက်ပါနဲ့ ကြည့်ရဆိုးစေပါတယ်။ အမှန်ခြစ်ထဲကလို တစ်စောင်းလေးရိုက်တာက ပိုလှပါတယ်။

ကိုရီးယားဆန်ဆန်ပို့စ်လေးပေးပြီး ရိုက်ချင်ရင်တော့ ဒီပုံလေးကိုကြည့်ထားပါ။ ပို့စ်ပေးနည်းမှားနေတာနဲ့ အမှန်နဲ့ကို သိသွားတာပေါ့။

ထိုင်ပြီး Mirror Selfie ရိုက်ရင် အမှားခြစ်ထဲကပုံအတိုင်း နေတာကြီးက ကြည့်ရဆိုးစေပါတယ်။ သေချာပို့စ်မပေးတတ်ဘူးဆိုရင်လည်း အမှန်ခြစ်ထဲကပုံလေးအတိုင်း ပို့စ်ပေးလို့ရပါတယ်။

Photo Source: www.pinterest.com