ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် အိမ်မှာ တစ်ယောက်ထဲရိုက်လို့ရမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ရိုက်ပေးမယ့်သူမရှိရင် ဒီပို့စ်လေးတွေကိုသာ try ကြည့်ပါ။

Ring light လေးတွေထောင်ပြီး ဆိုဂျူပုလင်း (သို့) စပိုင် ပုလင်း၊ အရက်ပုလင်းတွေကိုင်ပြီး ဒီလိုလေးတွေ ပို့စ်ပေးရိုက်လို့ရပါတယ်။

ဒီပုံလေးတွေဆိုရင် ကြမ်းပြင်မှာ ထိုင်ပြီးရိုက်တာဖြစ်လို့ ring light တောင်မလိုပဲ ဖုန်းထောင်ပြီး ရိုက်လို့ရပါတယ်။

ဒီလိုပုံလေးတွေဆိုရင် အိမ်မှာအလှပြင်ပြီး သေချာရိုက်ရင် အရမ်းလှမှာပါ။

အိမ်မှာအလှဆင်ပြီး တစ်ယောက်ထဲ ဒါမျိုးလေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

Makeup တွေပြင်ပြီး selfie ရိုက်မယ်ဆိုရင် ဒီပို့စ်လေးတွေက အရမ်းအသုံးဝင်ပါတယ်။

Ring light လေးနဲ့ ဒီလိုလေးတွေ ပို့စ်ပေးပြီးရိုက်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ အပြင်မသွားရလည်း အိမ်မှာ ဒါမျိုးလေးတွေရိုက်ကြည့်ပါ။

ပန်းစည်းလေးနဲ့ရိုက်မယ်ဆိုရင် ဒီလိုလေးတွေ ပို့စ်ပေးကြည့်ပါ။ ဒါလည်း ring light နဲ့ တစ်ယောက်ထဲရိုက်လို့ရတာပါပဲ။

ဒီပို့စ်လေးတွေဆိုရင် ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတာကြောင့် ဓာတ်ပုံရိုက်ရတာဝါသနာပါရင် try ကြည့်ပါ။

အိမ်မှာ mirror selfie ရိုက်ရင် ဒါမျိုးလေးတွေ ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။

ဒီပို့စ်လေးတွေဆိုရင် ring light ထောင်ပြီးရိုက်လို့ရတာတွေပါ။ တခြားသူ ရိုက်ပေးထားသလိုလေးနဲ့လည်း တူပါတယ်။

Ring light နဲ့ မီးကို ဒါမျိုးလေးလုပ်ပြီးတော့ ရိုက်လို့လည်းရပါတယ်။ ဒီပို့စ်လေးတွေက ချစ်ဖို့လည်းကောင်းပြီး အရမ်းလည်းလှတဲ့ ပုံစံလေးတွေပါ။

Photo source:www.pinterest.com