ဒီတစ်ခါမှာတော့ မြက်ခင်းပေါ်မှာထိုင်ပြီး ဓာတ်ပုံရိုက်ဖြစ်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဘယ်နေရာရောက်ရောက် ပို့စ်သာသေချာပေးတတ်ရင် လှပတဲ့ပုံကောင်းလေးတွေ ရလာမှာပါ။

ဒီပို့စ်လေးက ရိုးရိုးလေးနဲ့ လှတဲ့ပုံစံလေးပါ။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် အဆင်ပြေမှာ သေချာပါတယ်။

မိန်းကလေးဆန်ဆန်လေး ဝတ်ဖြစ်တဲ့အခါကျရင် ဒီလိုလေး ချစ်ဖို့ကောင်းအောင် ပို့စ်ပေးလို့ရသေးတယ်နော်။

နည်းနည်းအပေါ်စီးကနေ ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်း Try ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

မြက်ခင်းမှာ ဒီလိုလှဲနေတဲ့ပုံလေးတွေလည်း ရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ရှုခင်းလည်းသေချာပါအောင် ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးကလှပါတယ်။

အပေါ်စီးကနေရိုက်မယ်ဆိုရင် တစ်ကိုယ်လုံးပါအောင် ဒီလိုလေးပို့စ်ပေးရိုက်ပါ။ အနေအထား ပိုလှပါတယ်။ မျက်နှာမပါချင်တဲ့အခါမှာလည်း ဒီလိုပို့စ်လေးက အရမ်းအဆင်ပြေတယ်နော်။

Insta Gril လေးတွေစတိုင်လ်မျိုး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးကို Try ကြည့်ပါ။

အနောက်က ရှုခင်းလည်း သေချာပါပြီး လူလည်းချစ်ဖို့ကောင်းနေစေမယ့် ပို့စ်လေးပဲ ဖြစ်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူတယ်နော်။

ဂါဝန်အရှည်တွေဝတ်တဲ့အခါ ဒီလိုလှလှပပလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ကမ်းခြေမှာဆိုလည်း ဒီပို့စ်လေးက အရမ်းအဆင်ပြေတယ်နော်။

လုံးဝ Freestyle ပုံစံလေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။ ချစ်ဖို့ကောင်းတာပါပဲ။

Photo source:www.pinterest.com