ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ကောင်မလေးတွေအတွက် ပိုမိုကောင်းမွန်သော ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမပုံထဲကလိုပို့စ်မျိုးက ကြည့်ကောင်းပေမယ့် ဒုတိယပုံထဲကလို လမ်းလျှောက်လာပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံစံလေး ပို့စ်ပေးတာကျတော့ natural ဆန်ဆန်နဲ့ ပိုကြည့်ကောင်းတဲ့ ပုံကောင်းတစ်ပုံထွက်လာစေပါတယ်။

တံတားပေါ်မှာပဲဖြစ်ဖြစ်၊ ဝရံတာလိုနေရာမှာပဲဖြစ်ဖြစ် ရိုက်မယ်ဆိုရင် ပုံထဲကပို့စ်နှစ်မျိုးလုံးက လှပါတယ်။ ဒါပေမယ့် ဒုတိယပုံကတော့ ပိုပြီး perfect ဖြစ်တဲ့ ပို့စ်မျိုးဖြစ်ပါတယ်။ မျက်နှာအလှလည်း ပိုပေါ်လွင်ပါတယ်။

ဒါကျတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ ပို့စ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပုံထဲကလို ပို့စ်မျိုးကတော့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံကောင်းတစ်ပုံဖြစ်စေပါတယ်။

ခုံမှာထိုင်ပြီး mirror selfie ရိုက်မယ်ဆိုရင် ပထမပုံထဲကလို ခြေထောက်ချိတ်ထိုင်ပြီး ပို့စ်ပေးတာထက်စာရင် ဒုတိယပုံထဲကလိုပို့စ်မျိုးက ပိုမိုက်ပါတယ်။ ပိုပြီးလည်းအထာကျတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ဒီပို့စ်လေးတွေဆိုလည်း နှစ်မျိုးလုံးလှပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် ကင်မရာကိုကြည့်ပြီး ပို့စ်ပေးတာထက် snap ပုံစံမျိုးလေးတွေ ပို့စ်ပေးပြီးရိုက်တာက ပိုကြည့်ကောင်းစေပါတယ်။

ခုံမှာထိုင်ရိုက်မယ်ဆိုရင် ပထမပုံထဲကလိုထိုင်ပြီး ပို့စ်ပေးတာက သေချာကြည့်ရင် ခြေထောက်အနေအထားက ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလိုပို့စ်မျိုးကို ပိုပြီးရွေးချယ်သင့်ပါတယ်။

ဒါမျိုးအနီးကပ်ပုံလေးရိုက်မယ်ဆိုရင် တစ်ဖက်ကိုကြည့်နေတဲ့ပုံစံတွေချည်းပဲ မရိုက်ပါနဲ့။ ဒုတိယပုံထဲကလိုမျိုးလေးလည်း ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီးလှလည်းလှပါတယ်။

ပန်းခင်းတွေနဲ့ရိုက်မယ်ဆိုရင် ဘေးကြည့်နေတဲ့ပုံ၊ အောက်ငုံ့နေတဲ့ပုံတွေက ရိုးနေပါပြီ။ ဒုတိယပုံထဲကလိုပို့စ်မျိုးလေး try ကြည့်ပါ။ ပိုလှပြီး ပုံထွက်ကောင်းစေပါတယ်။

ဒီလိုပို့စ်မျိုးမှာကျတော့ ဒုတိယပို့စ်က ပိုပြီးဆွဲဆောင်မှုရှိစေသလို ပုံထွက်လည်းပိုလှစေပါတယ်။ ပထမပို့စ်မျိုးက အရမ်းရိုးပါတယ်။

လှေကားမှာရိုက်တာမျိုးကျတော့ ပထမပုံထဲကလိုပို့စ်နဲ့ မလိုက်ဖက်ပါဘူး။ ဒုတိယပုံထဲကလို ထိုင်ပြီးပို့စ်ပေးတာမျိုးကမှ ပိုလိုက်ဖက်ပြီး ပုံထွက်ပိုလှစေပါတယ်။

photo source:www.pinterest.com