ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်ပေးတဲ့ပုံစံက အဆင်မပြေရင် ဘယ်လောက်ပဲလှပပြီး အထာကျအောင် ဝတ်စားထားပါစေ ပုံထွက်မလှတော့ပါဘူး။ ဒါကြောင့် ပိုမိုကောင်းမွန်ပြီး လှပတဲ့ပုံကောင်းတစ်ပုံထွက်လာစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် သေချာပို့စ်မပေးတတ်တဲ့သူတွေအတွက်တော့ ဒီပို့စ်ပေးနည်းတွေက အသုံးဝင်စေမှာပါ။

ခုံမှာထိုင်ရိုက်ရင် ခြေထောက်ကိုစုပြီးရိုက်တာ ပုပြီးဝသလိုမျိုး ဖြစ်စေပါတယ်။ ကြည့်ရတာ သက်တောင့်သက်သာမဖြစ်တဲ့ပုံစံ ဖြစ်နေစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ပို့စ်ပေးကြည့်ပါ။ ပုံထွက်ပိုလှသွားပါလိမ့်မယ်။

နံရံမှာကပ်ပြီး မတ်တပ်ရပ်နေတဲ့ပုံလေး ရိုက်မယ်ဆိုရင်တော့ ဒုတိယပုံထဲကလို ပို့စ်ပေးကြည့်ပါ။ ပုံထွက်အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။

အထာကျတဲ့ခပ်မိုက်မိုက်ပုံစံလေးတွေ ဝတ်ထားရင်တော့ နံရံမှာကပ်ပြီး ဓာတ်ပုံရိုက်ရင် ဒုတိယပုံထဲကလို ပို့စ်မျိုးလုပ်ကြည့်ပါ။ အရမ်းမိုက်တဲ့ ပုံကောင်းတစ်ပုံ ထွက်လာပါလိမ့်မယ်။

နံရံမှာကပျပွီး မတျတပျရပျနတေဲ့ပုံလေး ရိုကျမယျဆိုရငျတော့ ဒုတိယပုံထဲကလို ပို့ဈပေးကွည့ျပါ။ ပုံထှကျအရမျးလှပွီး ခစြျဖို့ကောငျးပါတယျ။

ခုံမှာခြေထောက်ချိတ်ထိုင်ပြီး ရိုက်မယ်ဆိုရင်တော့ တည့်တည့်မနေပဲ ဒုတိယပုံထဲကလို ဘေးတစ်စောင်းလေးနေပြီး ပို့စ်ပေးကြည့်ပါ။ ပိုချစ်ဖို့ကောင်းပါတယ်။

ခုံမှာထိုင်ရိုက်တဲ့အခါ ဒုတိယပုံထဲကလို ပို့စ်ပေးပြီးရိုက်မယ်ဆိုရင်တော့ photo model ပို့စ်လေးနဲ့ အထာကျပြီးလှနေမယ့် ပုံကောင်းတစ်ပုံကိုရမှာပါ။

လှေကားမှာ ခြေထောက်ကို ဒီလိုမျိုးလေးတွေထားပြီး ပို့စ်ပေးတာက အရပ်ပိုရှည်သလို ဖြစ်စေပါတယ်။ ပိုပြီးလှတဲ့ ပုံကောင်းတစ်ပုံရဖို့ဆိုရင်တော့ မျက်နှာအနေအထားနဲ့ လက်အနေအထားကိုပါ ပို့စ်သေချာလုပ်ဖို့ လိုပါတယ်။

ခရီးသွားတဲ့အခါမှာ ဓာတ်ပုံရိုက်ရင် တောင့်တောင့်ကြီးမနေပါနဲ့။ Active ဖြစ်ပြီး ပျော်နေတဲ့ပုံစံလေးဖြစ်စေမယ့် ပို့စ်မျိုးတွေ လုပ်ကြည့်ပါ။ ပိုပြီးချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးတွေ ထွက်လာပါလိမ့်မယ်။

ပထမပုံထဲကလို ပို့စ်ပေးရင် အရပ်ပုတဲ့ပုံစံဖြစ်စေပြီး ပို့စ်မပေးတတ်မှန်း သိသာစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ပို့စ်ပေးကြည်ပါ။ ခြေထောက်ကိုစုမထားပဲ တစ်ဖက်ကိုကားပြီး၊ ဆန့်ထုတ်ပြီးရိုက်ရင် အရပ်ရှည်တဲ့ပုံစံမျိုးဖြစ်စေသလို ပုံထွက်လည်း ပိုလှစေပါတယ်။

photo source:www.pinterest.com