ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေ သဘောကျမယ့် ပို့စ်ပေးနည်း အမျိုးမျိုးကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်နဲ့ လိုက်ဖက်နေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေလည်း ပါတာကြောင့် အသုံးဝင်စေမှာပါ။

ခုံမှာထိုင်ပြီးရိုက်တဲ့အခါမှာ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ဖိနပ်က Sneakers လေးစီးထားရင် ပိုလိုက်ပါတယ်။

လှလှပပနဲ့ Freestyle ပုံစံလေးလည်းပေါက်အောင် ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်ပါ။

နေရာလှလှလေးတွေ့လို့ ထိုင်ရိုက်မယ်ဆိုရင် အအေးဘူးကိုင်ပြီး ဒီလိုလေးရိုက်လို့ရပါတယ်။

လမ်းမက ဒီလိုကာထားတဲ့ နေရာမှာရိုက်မယ်ဆိုရင် ဒီလိုလေးတွေပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

တည်ငြိမ်တဲ့ပုံစံလေး ပြင်ဆင်ပြီး ဝတ်စားထားတယ်ဆိုရင်တော့ ဒီလိုလေးပို့စ်ပေးလို့ရပါတယ်။

လမ်းဘေးမှာ ချစ်ဖို့ကောင်းတဲ့ Freestyle ပုံစံလေးဝတ်ပြီးတော့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ဂါဝန်လေးဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

ချစ်ဖို့ကောင်းတဲ့ Cute Type လေးရိုက်မယ်ဆိုရင်တော့ ဒီအတိုင်းလေး ပို့စ်ပေးကြည့်ပါ။

အရပ်ပိုရှည်အောင် ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးထိုင်ရိုက်ပါ။ ဆွဲဆောင်မှုရှိပြီးလှသလို အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။

နေကာမျက်မှန်လေးပါရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိပါတယ်။

ကမ်းခြေမှာ လှလှလေးရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးတွေအတိုင်းရိုက်ပြီး Filter လှလှလေးနဲ့ ပြင်ကြည့်ပါ။ အရမ်းလှတဲ့ ပုံကောင်းလေးတွေ ရလာပါလိမ့်မယ်။

Photo source:www.pinterest.com