ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာသိပ်မပေါ်ချင်ဘူး၊ မျက်နှာပါအောင် မရိုက်ချင်ဘူးဆိုရင် နောက်ကျောပုံလှလှလေးတွေ ရိုက်ကြည့်ပါ။ သေချာရိုက်တတ်ရင် မျက်နှာမပေါ်တာတောင် အရမ်းလှပါတယ်။ ဒါကြောင့် Photogenic ဖြစ်တဲ့ နောက်ကျောပုံလှလှလေးတွေ ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် Pose တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပုံလေးကတော့ ခရီးသွားတဲ့အခါမှာ အရမ်းရိုက်လို့ကောင်းပါတယ်။ လှပတဲ့ရှုခင်းတွေရိုက်ရင် ပိုတောင်လှမှာပါ။

နေကာနေတဲ့လက်အနေအထားနဲ့ ဒီလိုနောက်ကျောပုံလေး ရိုက်တာကလည်း လှပတဲ့ပုံကောင်းလေး ရရှိစေပါတယ်။

ကောင်းကင်ကို ရိုက်နေတဲ့ပုံလေးတွေ၊ ရှုခင်းကိုရိုက်နေတဲ့ပုံလေးတွေကိုလည်း နောက်ကျောကနေ ရိုက်ကြည့်ပါ။ ဒီပုံလေးရိုက်မယ်ဆိုရင် ဖုန်းထဲက ရိုက်နေတဲ့ပုံလေးကိုပါ ပေါ်အောင်ရိုက်ပါ။ ဆံပင်ကိုလည်း လှလှလေးပြင်ပြီးရိုက်ကြည့်ပါ။ အလှဆုံးပုံလေး ရစေပါတယ်။

ပန်းချီဆွဲတဲ့ ကောင်မလေးတွေဆိုရင် နောက်ကျောကနေ ဒီလိုပုံလှလှလေးတွေ ရိုက်ဖို့မမေ့နဲ့နော်။

ဒီပုံလေးဆိုရင်လည်း ခရီးသွားတဲ့အခါမှာ ရိုက်လို့ကောင်းပါတယ်။ နောက်ကျောဘက်ကိုရိုက်ပေမယ့် အရမ်းလှတဲ့ပုံလေး ထွက်လာမှာ သေချာပါတယ်။

ပန်းခင်းထဲမှာ စာဖတ်နေတဲ့ပုံလေးကိုလည်း နောက်ကျောကနေ ဒီလိုလေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

တစ်ကိုယ်လုံးပုံလေးကို နောက်ကျောပဲရိုက်မယ်ဆိုရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ နောက်ကျောပုံလေးတွေ ရိုက်မယ်ဆိုရင် ဆံပင်ကအသက်ပါပဲ။

ပန်းခင်းထဲမှာ ဂါဝန်လေးနဲ့ရိုက်တဲ့အခါ အသုံးဝင်စေမယ့် Pose လေးဖြစ်ပါတယ်။ အရမ်းလှတယ်နော်။

ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်ပါ။ အရမ်းလှပြီး အမြင်တစ်မျိုးလေးဆန်းစေပါတယ်။

Photo source:www.pinterest.com