ဓာတ်ပုံရိုက်တဲ့အခါမှာ အထာကျကျပုံလေးတွေရိုက်ရတာကို ပိုသဘောကျတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Model ဆန်ပြီး အထာကျနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ရိုက်တဲ့သူရှားပါတယ်။ သူများနဲ့မတူချင်ရင် ဒီလိုလေးရိုက်ကြည့်ပါ။ ကိုယ့်ဖက်ရှင်နဲ့ ပြင်ဆင်ပုံပေါ်မူတည်ပြီး ပိုအထာကျတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

Model ဆန်ပြီး အထာကျတဲ့ ထိုင်ပုံလေးနဲ့ ပို့စ်ပေးနည်းပါပဲ။ မျက်နှာထားကအစ ဆွဲဆောင်မှုရှိနေစေမယ့် Look မျိုးဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။

အထာကျကျဖက်ရှင်လေးတွေ ဝတ်စားထားတဲ့အခါမှာ ကော်ဖီခွက်လေးကိုင်ပြီး ဒီလိုပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ဖက်ရှင်အသားပေးပါပဲ။

ရိုးရိုးလေးပဲဝတ်ထားတယ် ဒါပေမယ့် အထာကျကျ Model ဆန်ဆန်လေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်ပါ။

Street Style လေးနဲ့ အထာကျကျလေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်အိုင်ဒီယာလေးအတိုင်းသာ ရိုက်ကြည့်ပါ။

ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေချင်တယ်၊ Model ဆန်ပြီး အထာကျကျ ဆွဲဆောင်မှုရှိအောင် ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်ပါ။ Lighting ကောင်းလေ Camera ကောင်းလေ ပိုမိုက်လေပါပဲ။

အထာကျကျလေး ဝတ်ထားပြီး ဒီလိုလေးလည်း ရိုက်ကြည့်ပါ။ အဆွေးပုံစံလေးဖြစ်နေတာတောင်မှ အထာကျနေတဲ့ Look မျိုး ဖြစ်နေတာပါ။

ဒီပို့စ်လေးကတော့ လေဆိပ်မှာ ရိုက်လို့ကောင်းတဲ့ ပို့စ်လေးပါပဲ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကမိုက်လေ ပုံထွက်ပိုမိုက်လေ ဖြစ်မှာပါ။

ဆွဲဆောင်မှုရှိတဲ့ Dress လေးဝတ်ပြီး Makeup လေးပြင်ပြီး အိမ်မှာတောင်ရိုက်လို့ရတဲ့ ပုံလေးပါ။ Model ဆန်ပြီး လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။

Model ဆန်ပြီး လုံးဝကို အထာကျကျနဲ့ မိုက်နေစေမယ့် ဒီပို့စ်လေးကိုလည်း Try ကြည့်ပါ။ ဒီပုံလေးမှာဆိုရင်တော့ မျက်နှာထားကအသက်ပါပဲ။

Photo source:www.pinterest.com