ပေါ့ပါ့ပါးပါးနဲ့ အပူဒဏ်သက်သာစေဖို့အတွက် ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မယ့် ဖက်ရှင်လေးတွေဖြစ်တာကြောင့် သဘောကျမှာ သေချာပါတယ်။

ဒီလိုချစ်ဖို့ကောင်းတဲ့ ကြိုးတစ်လုံးအင်္ကျီလေးကို ဂျင်းနဲ့မဟုတ်ပဲ ဒီလိုဘောင်းဘီအတိုလေးနဲ့ တွဲဝတ်တာလည်း ချစ်ဖို့ကောင်းပါတယ်။ နေကာမျက်မှန်လေးနဲ့ ရှိုးထုတ်ရင် ပိုတောင်ဖက်ရှင်ကျနေမှာပါ။

ဒီလိုကြိုးတစ်လုံးလေးတွေဆိုရင် ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဝတ်ကြည့်ပါ။ လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းပါတယ်။

ကြိုးတစ်လုံးဗြောင်လေးဆိုရင် ဒီလိုစတိုင်လ်လေး ဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းပါတယ်။

ကြိုးတစ်လုံးလှလှလေးတွေဆိုရင် ဒီလို တင်းနစ်စကပ်လေးနဲ့ တွဲဝတ်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်လေးတွေကို ဂျင်းစကပ်အတိုနဲ့ တွဲဝတ်တာကတော့ ဘယ်တော့မှရိုးမသွားပဲ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါပဲ။

အတိုသိပ်မဝတ်တဲ့သူဆိုရင် အခုအဝတ်များတဲ့ ဒီလိုဘောင်းဘီအရှည်တွေကိုလည်း ကြိုးတစ်လုံးလှလှလေးတွေ၊ ချစ်ဖို့ကောင်းတာလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

စကပ်ဝတ်ရတာကြိုက်တဲ့သူဆိုရင်တော့ ကြိုးတစ်လုံးအင်္ကျီကို ဒီလိုစကပ်မျိုးစုံနဲ့ တွဲဝတ်လို့ရပါသေးတယ်။

လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ နောက်ထပ်ဖက်ရှင်လေးပါ။ ကြိုးတစ်လုံးဗြောင်လေးတွေကို ဒီလိုဖက်ရှင်စတိုင်လ်လေးနဲ့လည်း ဝတ်လို့ရပါသေးတယ်။

ကြိုးတစ်လုံးကိုဒီတိုင်းမဝတ်ချင်ရင် အပေါ်ထပ်လေးနဲ့ ဒီလိုစတိုင်လ်လေးလည်း ဝတ်လို့ရပါသေးတယ်။ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါပဲ။

အရပ်ရှည်တဲ့သူတွေဆိုရင် ကြိုးတစ်လုံးအင်္ကျီကို ဒီလိုဘောင်းဘီအရှည်တွေနဲ့ တွဲဝတ်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ကြိုးတစ်လုံးအင်္ကျီကို ဒီလို Midi စကပ်လေးတွေနဲ့လည်း ဖက်ရှင်ကျကျ တွဲဝတ်လို့ရပါသေးတယ်။

Photo source:www.pinterest.com