သင့်ကိုဝိတ်တက်လာအောင် ညဘက်တွေမှာ သင်ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒါတွေကိုသိသွားမှ ပြင်ဆင်လို့ရမှာပါ။ ဝိတ်မတက်ချင်ရင်တော့ ဒီအလေ့အကျင့်တွေကို ဖျောက်ပစ်မှရပါမယ်နော်။

ဘယ်တော့မှအိပ်ရေးမဝရင် ကြာလာတဲ့အခါ သိသိသာသာဝိတ်တက်လာပါလိမ့်မယ်။

ညစာကို အလွန်အကျွံ၊ ပုံမှန်ထက်ပိုစားတာကလည်း သိသိသာသာ ဝိတ်တက်စေပါတယ်။

ညစာစားပြီးရင် အိပ်ယာထဲကို သရေစာမုန့်ယူထားတတ်တဲ့အကျင့်ကလည်း အိပ်ယာထဲ မုန့်ခဏခဏစားတဲ့အကျင့် ဖြစ်လာစေတဲ့အတွက် ဝိတ်တက်လာပါလိမ့်မယ်။

ညစာကို ကြက်ကြော်တွေ၊ ဆီကြော်အစားအစာတွေကို စားတာကလည်း ဝိတ်တက်စေပါတယ်။

ညစာစားရင် အရမ်းစပ်တဲ့ spicy food တွေကို စားတာ ကောင်းမွန်စွာအိပ်မပျော်စေတဲ့အတွက် ဝိတ်တက်စေမယ့် လမ်းစဖြစ်လာနိုင်ပါတယ်။

ညဘက်တွေမှာ အချိုမုန့်တွေ dessert တွေစားတာကလည်း ဝိတ်တက်စေပါတယ်။

ညစာစားပြီးရင် သရေစာမုန့် snacks စားတတ်တဲ့အကျင့်ကလည်း သင့်ကိုဝိတ်တက်စေပါတယ်။

ညအိပ်ခါနီးမှာ ဖုန်းတို့၊ ကွန်ပြူတာတို့ကြည့်တာက အိပ်စက်ချိန်ကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် အိပ်ရေးပျက်တာများရင် ဝိတ်တက်လာပါလိမ့်မယ်။

ညဘက်အိပ်ယာဝင်တာ အရမ်းနောက်ကျတဲ့အကျင့်ကလည်း သင့်ကိုဝိတ်တက်လာစေတဲ့ အလေ့အကျင့်တစ်ခုပါ။

Source: www.brightside.me