အရမ်းချစ်လို့ အဆုံးရှုံးမခံနိုင်တာ၊ မပြတ်နိုင်တာ မှန်ပေမယ့်လည်း ကိုယ့် Relationship က Toxic ဖြစ်နေတယ်ဆိုရင်တော့ ဆက်ပြီးဖက်တွယ်ထားတာထက်စာရင် လမ်းခွဲလိုက်တာက ကိုယ့်အတွက် ပိုကောင်းပါတယ်။ လမ်းမခွဲနိုင်ပဲ Toxic Relationship ကို ဖက်တွယ်ထားမယ်ဆိုရင် ဒီလိုဆိုးကျိုးတွေ ရလာနိုင်ပါတယ်။

ပျော်စရာတွေပျောက်ဆုံးလာခြင်း

အဆင်မပြေတဲ့ Toxic Relationship ကို မပြတ်နိုင်ပဲ ဖမ်းဆုပ်ထားမယ်ဆိုရင်တော့ အချိန်ကြာလေ စိတ်ညစ်ရလေ၊ စိတ်ဆင်းရဲရလေ ဖြစ်နေမှာပါပဲ။ ညှိုကြည့်လို့မှ အဆင်မပြေရင် လက်လွှတ်လိုက်တာက နှစ်ယောက်လုံးအတွက် ပိုကောင်းပါတယ်။ ဆက်ပြီးဖက်တွယ်နေရင်တော့ တစ်နေ့ထက်တစ်နေ့ ပျော်စရာတွေပဲ ပျောက်ဆုံးလာမှာပါ။

နာကျင်မှုတွေများလာခြင်း

ကိုယ်ကချစ်လို့ ဖက်တွယ်နေပေမယ့်လည်း ဘယ်လိုမှအဆင်မပြေတော့တဲ့အခါ ပိုပြီးနာကျင်လာရမယ်၊ ဝမ်းနည်းလာရမယ်၊ ပိုင်ဆိုင်ထားရပေမယ့်လည်း စိတ်တွေပူလောင်နေရပါမယ်။ သိသိရက်နဲ့ ဖက်တွယ်နေရင် နာကျင်ခံစားရတာတွေက ပိုပြီးများလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် လက်လွှတ်လိုက်မယ်ဆိုရင် အချိန်တစ်ခုအထိပဲ ခံစားရမှာပါ။ မှာပါ။ အချိန်တန်ရင် အဆင်ပြေသွားမှာပါပဲ။

အထီးကျန်လာခြင်း

ကိုယ့်ချစ်သူနဲ့ ခဏတာရန်ဖြစ်လို့ ပစ်ထားရင်တောင် အထီးကျန်သလို ခံစားရတာပါ။ ဒီလိုအဆင်မပြေတာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်မှုတွေ နည်းလာပြီး စိတ်ညစ်စရာတွေပဲ များလာရင် ပိုပြီးအထီးကျန်ရပါတယ်။ ရည်းစားရှိနေလည်း အထီးကျန်နေတယ်၊ ကိုယ်တစ်ယောက်တည်းလိုပဲဆိုတဲ့ ခံစားချက်မျိုးတွေ ဝင်လာစေပါတယ်။

အပြစ်တင်စိတ်၊ သိမ်ငယ်စိတ်ဝင်လာခြင်း

Toxic Relationship ကို ဖက်တွယ်ထားပြီး အဆင်မပြေတော့၊ မပျော်ရွှင်ရတော့ အတွေးမျိုးစုံဝင်ပြီး Ovethinking ဖြစ်လာမယ်၊ အဆင်ပြေနေတဲ့ အတွဲတွေကိုကြည့်ပြီး ငါကျဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ၊ ဘာလို့ အချစ်ရေးကံမကောင်းတာလဲ၊ အချစ်မခံရတာလဲဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်၊ သိမ်ငယ်စိတ်တွေ ဝင်လာစေပါတယ်။ အရာရာကိုလည်း အလိုမကျဖြစ်လာစေပါတယ်။

ဒါကြောင့် အဆင်မပြေတဲ့ Toxic Relationship ကို ဖက်တွယ်ထားပြီး စိတ်ဆင်းရဲမခံပါနဲ့တော့။ လူတိုင်းက ပျော်ရွှင်မှုနဲ့ ထိုက်တန်တာကြောင့် ကိုယ့်ပျော်ရွှင်မှုကိုသာ ဦးစားပေးပါ။ ကိုယ့်ကိုယ်ကိုချစ်ပါ။