မိန်းကလေးတော်တော်များများရဲ့ပြဿနာက ဆံပင်အဆီအရမ်းထွက်လို့ ကပ်ကပ်ကြီးဖြစ်နေတယ်၊ မလှဘူးဆိုပြီး ခေါင်းခဏခဏလျှော်ကြတာပါပဲ။ ခေါင်းခဏခဏလျှော်လေ ဆံပင်အဆီကလည်း ပိုထွက်လေပါပဲ။ ဒါကြောင့် ဆံပင်အဆီထွက်တိုင်း ခေါင်းခဏခဏလျှော်နေမယ့်အစား အခုပြောပြပေးမယ့် နည်းလမ်းကို သုံးကြည့်ပါ။ အဆီထွက်တာ တဖြည်းဖြည်းချင်း လျော့နည်းလာပါလိမ့်မယ်။

လုပ်ရမယ့်နည်းလမ်းကတော့ ရှားစောင်းလက်ပတ်ဂျယ်လ် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်း နဲ့ သံပရိုရည် – စားပွဲတင်ဇွန်း တစ်ဇွန်းကို ရေ – ခွက်တစ်ခွက်စာထဲထည့်ပြီး ရောမွှေပါ။ သမအောင် သေချာမွှေပါ။

Source: www.healthcomplain.com

အရင်ဆုံး ပုံမှန်လုပ်နေကျအတိုင်းပဲ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။ ပြီးမှ ခုနကသမအောင် မွှေထားတာတွေနဲ့ ခေါင်းထပ်လျှော်ပါ။ ချက်ချင်းရေဆေးမချပဲ မိနစ်အနည်းငယ်လောက် ထားလိုက်ပါ။ ပြီးမှသာ ရေဆေးချပါ။ ရေကို စင်အောင် ဆေးချဖို့တော့လိုမယ်နော်။ သတိထားရမှာကတော့ ရေနွေးလုံးဝမသုံးပါနဲ့။

Source: www.eboca.com

ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ်ပဲ ပုံမှန်လုပ်ပေးပါ။ ဆံပင်အဆီထွက်လွန်းတာ တဖြည်းဖြည်းချင်း လျော့နည်းလာပါလိမ့်မယ်။

Source: www.timesofindia.indiatimes.com