ဂျိုင်းမွှေးပေါက်တာကို လုံးဝမရိတ်သင့်ပါဘူးနော်။ ရိတ်မယ်ဆိုရင် ၃ ရက်လောက်နဲ့ကို အများကြီးပြန်ထွက်လာပါတယ်။ ဇာဂနာနဲ့ ခဏခဏနှုတ်ရင်လည်း ဂျိုင်းမှာ အဖုလေးတွေထတတ်ပါတယ်။ အကောင်းဆုံးကတော့ Waxing လုပ်တာပါပဲ။ နောက်တစ်ခုကတော့ ဂျိုင်းမွှေးမသန်အောင်လုပ်ရမှာပါ။

ဒါကြောင့် ဂျိုင်းမွှေးမသန်အောင်၊ ဂျိုင်းမွှေးပေါက်တာ သိသိသာသာနည်းသွားစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းတွေဖြစ်မှာပါ။ ပုံမှန်စွဲလုပ်ပေးရမှာဖြစ်ပြီး ၄ ပတ်လောက်ကြာရင်တော့ ဂျိုင်းမွှေးတွေ အရင်လောက်မသန်တော့တာကို တွေ့ရပါလိမ့်မယ်။

သကြား၊ ပျားရည်၊ သံပယိုရည်

သကြား – ၁ ခွက်၊ ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို smooth ဖြစ်သွားအောင်ရောမွှေပြီး microwave ထဲ ၂ မိနစ်လောက် ထည့်ထားပါ။ အချိန်ပြည့်ရင်တော့ အပြင်ထုတ်ပြီး စက္ကန့် ၂၀ လောက် တစ်ခုခုနဲ့မွှေပေးပြီး အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ လက်နဲ့ယူပြီး ဂျိုင်းကိုပွတ်ပေးပါ။ ခဏလောက်ပွတ်ပြီးရင် ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ် လုပ်ပေးရပါမယ်။

နနွင်းမှုန့်၊ နွားနို့

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ နွားနို့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး ထူထူပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ ဂျိုင်းမှာ ပွတ်လိမ်းထားလိုက်ပါ။ မိနစ် ၃၀ လောက်ကြာရင် ရေကြက်သီးနွေးလေးနဲ့ ဆေးချပြီး Towel နဲ့ ဖြေးဖြေးချင်းစီ သုတ်ပေးပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၂ ကြိမ်လောက်လုပ်ပေးရပါမယ်။

နနွင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါ

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရေနည်းနည်းနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပေးပါ။ ပြီးရင်တော့ ဂျိုင်းမှာပွတ်လိမ်းထားပြီး ခြောက်တဲ့အထိထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ ၂ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Source:www.brightside.me