နဖူးမှာ လိုင်းနည်းနည်းပေါ်နေပြီဆိုရင် ဒါအရေးအကြောင်းတွေ စပြီးပေါ်လာတာပါပဲ။ အရေးအကြောင်းတွေပေါ်လာပြီဆိုတာကို သိသိချင်းမှာပဲ သေချာ Care လုပ်ပေးမယ်ဆိုရင်တော့ အရေးအကြောင်းတွေ တဖြေးဖြေးနဲ့မှိန်ပြီး သက်သာသွားမှာပါ။ အဲ့လိုမဟုတ်ပဲ အရေးအကြောင်းတွေ အများကြီး ထင်ထင်ရှားရှားပေါ်လာတော့မှလုပ်မယ်ဆိုရင်တော့ ပျောက်ဖို့က အရမ်းခက်ခဲပါတယ်။

ဒါကြောင့် နဖူးမှာဖြစ်နေတဲ့အရေးအကြောင်းတွေကို တဖြေးဖြေးချင်းစီမှိန်ပြီး ပျောက်သွားအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာကိုရွေးပြီး ပုံမှန်လုပ်ပေးရပါမယ်။

ငှက်ပျောသီး

ငှက်ပျောသီးနည်းနည်းယူပြီး ကျေညှက်သွားအောင် ချေပေးပါ။ ပြီးရင်တော့ အရေးအကြောင်းတွေဖြစ်နေတဲ့ နဖူးမှာ ပွတ်လိမ်းပြီး မိနစ် ၂၀ ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေနွေးနဲ့သစ်ပြီး ကိုယ်လိမ်းနေကျ Skincare ပြန်လိမ်းပေးပါ။

သံလွင်ဆီ (သို့) အုန်းဆီ

ညအိပ်ယာဝင်ခါနီးမှာ သံလွင်ဆီ (သို့) အုန်းဆီကို သင့်တော်သလောက်ယူပြီး အရေးအကြောင်းတွေ၊ Lines တွေဖြစ်နေတဲ့ နဖူးမှာ ဖြေးဖြေးချင်းစီပွတ်ပြီး လိမ်းပေးပါ။ လက်ချောင်းလေးတွေနဲ့လည်း နှိပ်နယ်ပေးပါ။

ကြက်ဥအကာ

ကြက်ဥကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ပါ။ အထဲကအကာကိုပဲ ပန်းကန်ထဲထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပေးပါ။ ပြီးရင်တော့ အရေးအကြောင်းတွေဖြစ်နေတဲ့နေရာမှာ သေချာပွတ်လိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ပဲ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ Skincare ပြန်လိမ်းပေးပါ။

Source: www.brightside.me