ဆံသားနူးညံ့ပျော့ပြောင်းတာမျိုး လိုချင်တယ်၊ ဆံသားကြမ်းတမ်းနေလို့ စိတ်ညစ်နေရတယ်ဆိုတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆံသားနူးညံ့ပျော့ပြောင်းလာအောင် ကူညီပေးမယ့် Natural Hair Mask လုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်ရုံပါပဲ။

ငှက်ပျောသီး

ငှက်ပျောသီးတစ်လုံးကို ပန်းကန်ထဲထည့်ချေပြီး Lavender Essential Oil နည်းနည်းထည့်မွှေပါ။ မွှေပြီးရင် ဆံသားအနှံ့သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ခေါင်းလျှော်ပြီးတိုင်းမှာ Conditoner သုံးပေးဖို့လည်း မမေ့ပါနဲ့။

ဒိန်ချဉ်

ဒိန်ချဉ် – ၁ ခွက်နဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး Lavender Essential Oil ကိုလည်း နည်းနည်းထည့်မွှေပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ကြက်ဥ

ပန်းကန်လုံးထဲကို ကြက်ဥ ၂ လုံးဖောက်ထည့်ပါ။ ပြီးရင် အနှစ်ကိုဖယ်ထုတ်လိုက်ပါ။ အနှစ်ကိုမသုံးပါဘူး။ ကျန်ခဲ့တဲ့ကြက်ဥအကာ အရည်ကိုပဲ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် နည်းနည်းထည့် မွှေပေးပါ။ ပြီးရင် ဆံသားအနှံ့သေချာလိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။

Onion Juice

Onion Juice ရဖို့အတွက် ကြက်သွန်နီကို အခွံခွာ၊ သေးသေးလေးတွေလှီးပြီး Blender ထဲထည့်ကြိတ်ပါ။ ပြီးရင် အဝတ်တစ်ခုထဲထည့်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ Onion Juice ကိုမှ Lavender Essential Oil နည်းနည်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ၁၅ မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ ကြက်သွန်နီက နံတဲ့အတွက် သေချာလေးပြောင်အောင် လျှော်ပေးရပါမယ်။