လက်သည်းနီဆိုးတဲ့မိန်းကလေးတိုင်းအတွက် အရမ်းကိုအသုံးဝင်စေမယ့် အရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လက်သည်းနီမဆိုးခင် လက်သည်းဘေးပတ်ပတ်လည်က အသားကို Vaseline သုတ်လိမ်းထားပြီးမှ လက်သည်းနီဆိုးမယ်ဆိုရင်တော့ လက်သည်းနီတွေ ဘေးအသားကို ပေကျံသွားလည်း ဂွမ်းတံလေးနဲ့ အလွယ်တကူပွတ်ပြီး ဖျက်လိုက်ရင် ပျက်သွားပါလိမ့်မယ်။

လက်သည်းနီဆိုးပြီး ဘေးမှာပေကျံနေတာတွေကို မျက်ခုံးမွှေးဆွဲတဲ့ Eyebrow Brush နဲ့ ဖျက်မယ်ဆိုရင် ဆိုးထားတဲ့လက်သည်းနီတွေ ပျက်မသွားပဲ အလွယ်တကူဖျက်လို့ရပါတယ်။

ဆိုးလိုက်ရင် လက်သည်းနီက အသီးတွေထနေတာမျိုးမဖြစ်အောင်၊ အထစ်ထစ်တွေမဖြစ်အောင် မဆိုးချင်မှာ လက်သည်းနီပုလင်းကို လက်ဖဝါးနှစ်ခုကြားထဲပြီး လှိမ့်ပေးပါ။

လက်သည်းဖျက်တဲ့အခါ ဂွမ်းနဲ့ဖျက်နေစရာမလိုပဲ အလွယ်တကူဖျက်လို့ရအောင် ပုလင်းအကြီးထဲကို ဖော့အဝတ်လိပ်ထည့်ပြီး လက်သည်းဖျက်ဆေးတွေထည့်ထားပါ။ ဒါဆိုရင်တော့ လက်သည်းနီဖျက်မယ်ဆိုရင် ဖျက်မယ့်လက်သည်းကို ဖော့အဝတ်ထဲထည့်ပြီး လက်ချောင်းလေးလှည့်လိုက်တာနဲ့ ပျက်သွားပါလိမ့်မယ်။

လက်သည်းနီပုလင်းဖွင့်ရတာကျပ်နေရင် ခွက်ထဲကို ရေနွေးထည့်ပြီး အဲ့ထဲကို လက်သည်းနီပုလင်း ဇောက်ထိုးထည့်စိမ်ထားလိုက်ပါ။ ခဏနေရင်တော့ ထုတ်ပြီးဖွင့်ကြည့်ပါ။ အလွယ်တကူ ဖွင့်လို့ရသွားပါလိမ့်မယ်။

Source: www.cutepolish