ခြေသည်းကို ပုံဖော်တာမျိုး မလုပ်ချင်တဲ့အခါမှာ ခြေသည်းနီဗြောင်လေးတွေဆိုးပါ။ ဗြောင်တွေကလည်း သေချာအရောင်ရွေးတတ်ရင် လှပါတယ်။ ဘယ်တော့မှရိုးမသွားစေပါဘူး။ ဒါကြောင့် ခြေသည်းပုံမဖော်ချင်တဲ့အခါမျိုးမှာ ဆိုးသင့်တဲ့ ခြေသည်းနီအရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအရောင်လေးကတော့ ခြေသည်းပဲဆိုးဆိုး၊ လက်သည်းပဲဆိုးဆိုး လုံးဝရိုးမသွားပဲလှတဲ့ အရောင်လေးပါ။ လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

အရောင်ငြိမ်ပြီး အသားဆောင်တဲ့ ဒီအရောင်လေးကလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်ပြီး ဘယ်တော့မှလည်း ရိုးမသွားစေပါဘူး။

လူငယ်ကောင်မလေးတွေဆိုရင် ခြေသည်းပုံမဖော်ချင်တဲ့အခါ ဒီအရောင်လေးဆိုးကြည့်ပါ။ လူငယ်ဆန်ပြီးလှပါတယ်။

ခြေထောက်ကို ဒီအရောင်လေးဆိုးတာက ရှားပါတယ်။ ဆိုးလည်း တစ်ချောင်းနှစ်ချောင်းလောက်ပဲ ဖောက်ပြီးဆိုးကြတာပါ။ ဒါကြောင့် ခြေသည်းဒီဇိုင်းလည်း ပုံမဖော်ချင်ဘူး ခြေသည်းနီအရောင်ကိုလည်း ဆန်းတာလေး ဆိုးချင်တယ်ဆိုရင် ဒီအရောင်လေးကိုသာ ရွေးချယ်လိုက်နော်။

ဒီအစိမ်းရောင်လေးက အရမ်းအသားဆောင်ပါတယ်။ အရောင်ရင့်တာကြောင့် လူငယ်လူကြီး အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ခြေသည်းနီကို ဗြောင်လေးပဲဆိုးမယ်ဆိုရင် ဒီခရမ်းရောင်လေးက ဘယ်တော့မှရိုးမသွားပဲ အရမ်းလှပါတယ်။

လက်သည်းနီအရောင်ကို တစ်ရောင်ထဲမဆိုးချင်ရင် ဒီလိုလေးစပ်ဆိုးကြည့်နော်။ နက်ပြာရောင်နဲ့ အဝါရောင်ကိုစပ်တာက အရမ်းလှပြီး အသားဆောင်ပါတယ်။

လူငယ်ကောင်မလေးတွေက ခြေသည်းနီကို ၅ ချောင်း ၅ ရောင်ဆိုးလို့ရပါတယ်။ ဒီအရောင်လေးတွေဆိုရင် အရမ်းလှပြီး Fancy ဆန်ပါတယ်။

ခြေသည်းဒီဇိုင်းလည်း ပုံမဖော်ချင်ဘူး၊ အရောင်တွေလည်း မရွေးချယ်ဘူးဆိုရင်တော့ အဖြူလေးဆိုးပြီး ငွေရောင်တစ်ချောင်း ဖောက်ဆိုးတာမျိုး လုပ်လိုက်ပါ။ ရှင်းရှင်းလေးနဲ့လှပါတယ်။

ဒီခြေသည်းနီအရောင်လေးကတော့ အသားဆောင်ပြီး ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ အရောင်လေးပါပဲ။