အသက် ၃၀ အထက် အမျိုးသမီးများနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းနီဆိုးတဲ့အခါ ဘာဆိုးရမှန်းမသိဖြစ်နေရင် ဒီအရောင်လေးတွေထဲကသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပြီး အသားဆောင်တဲ့ အရောင်လေးတွေဖြစ်သလို အသက်ကြီးပိုင်းတွေအထိပါ လိုက်ဖက်တဲ့ အရောင်လေးတွေ ဖြစ်ပါတယ်။

ဒီအရောင်လေးတွေက အရမ်းလှပြီး ဘယ်တော့မှရိုးမသွားတဲ့အရောင်ပါ။ အသက်ငယ်တဲ့သူတွေနဲ့ လိုက်ဖက်သလို အသက်လတ်ပိုင်းအရွယ်ကနေ သက်ကြီးပိုင်းအရွယ်အထိ အားလုံးနဲ့လိုက်ဖက်တဲ့ အရောင်လည်း ဖြစ်ပါတယ်။

ဒီအရောင်လည်း တူတူပါပဲ။ အသက်အရွယ်မရွေး လိုက်ဖက်ပါတယ်။ အရောင်ငြိမ်တာကြောင့် အသက် ၃၀ အထက်အမျိုးသမီးတွေ အရမ်းသဘောကျမယ်လို့ ထင်ပါတယ်။

ဒီအရောင်လေးက ရှားပြီး အရမ်းလှပါတယာ်။ အရောင်ငြိမ်ပြီးလှတာကြောင့် အသက် ၃၀ အထက် အမျိုးသမီးများနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ရှားတဲ့အရောင်ဖြစ်သလို ဆိုးလိုက်ရင်လည်း အသားဆောင်ပြီး အရမ်းလှတဲ့ အရောင်ပါ။ အသက် ၃၀ အထက်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

အရောင်ရင့်တာတွေမကြိုက်တဲ့ အသက် ၃၀ အထက် အမျိုးသမီးများအတွက် လှပတဲ့ လက်သည်းနီအရောင်လေးပါ။ အသားဆောင်ပြီးလှပါတယ်။

Glitter ပါတဲ့အရောင်ဖြစ်ပေမယ့် ခရမ်းသီးအရောင်ဖြစ်တာကြောင့် ငြိမ်ပြီး အရမ်းလှပါတယ်။ ဒါကြောင့်လည်း အသက် ၃၀ အထက် အမျိုးသမီးများနဲ့ လိုက်ဖက်တာပါ။

အုတ်ကျိုးရောင် (သို့) လိမ္မော်ရောင်အရင့်တွေကလည်း အသက် ၃၀ အထက် အမျိုးသမီးများနဲ့ လိုက်ဖက်တဲ့အရောင်ပါ။ အသားဆောင်ပြီး လက်ပိုဖြူသွားစေမယ့် အရောင်လေးလည်း ဖြစ်ပါတယ်။

အနီရဲရဲလေးတွေက အသက်အရွယ်မရွေး လိုက်ဖက်ပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီး လှနေမှာပါ။

ခရမ်းရောင်ကိုမှ အရမ်းမနုတဲ့ ဒီလိုအရောင်လေးက ငြိမ်တဲ့ဘက်ကိုသွားတာကြောင့် အသက် ၃၀ အထက် အမျိုးသမီးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။