လက်သည်းပုံဖော်တာတွေများလာရင် လက်သည်းနီကို ဗြောင်လေးတွေ ပြောင်းဆိုးကြည့်ပါ။ တစ်ခါတစ်လေကျရင် အရိုးရှင်းဆုံးက အလှဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှတဲ့ လက်သည်းနီအရောင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတိုင်း သဘောကျမယ့် အရောင်လေးတွေ ဖြစ်မှာပါ။

ဒီအရောင်လေးဆိုရင် အသားဆောင်ပြီး ငြိမ်ငြိမ်လေးနဲ့ အရမ်းလှပါတယ်။ အရောင်တောက်တာတွေမကြိုက်ရင် ဒီအရောင်လေးကို ဆိုးကြည့်နော်။

ဒီအရောင်လေးကတော့ ဘယ်တော့မှရိုးမသွားမယ့် အရောင်လေးဖြစ်သလို လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်တဲ့ အရောင်လေးဖြစ်ပါတယ်။

ဒီအရောင်လေးကလည်း ဆိုးလိုက်ရင် အရမ်းလှတဲ့အရောင်လေးပါ။ လက်လေးလည်း ပိုဖြူသွားစေပါတယ်။

အရောင်တောက်တောက်ကြိုက်တဲ့ မိန်းကလေးတွေဆိုရင် ဒီလိုအနီရောင်လေးကို ရွေးဆိုးပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။

ရွှေရောင်ကိုမှ တောက်တောက်စိုစိုလေးဖြစ်လို့ ထင်းပြီး အသားဆောင်ပါတယ်။ လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ အရောင်လေးပါပဲ။

မိန်းကလေးဆန်ချင်တဲ့အခါ ဒီလိုပန်းရောင်လေးဆိုးပါ။ ဒီပန်းရောင်က အသားမမဲစေပါဘူး။ ချစ်ဖို့ကောင်းပြီး လှတာပါ။

အရိုးရှင်းဆုံးလေးဖြစ်ချင်ရင် ဒီလိုပုလဲဖြူအရောင်လေး ဆိုးကြည့်ပါ။ အရမ်းလှပါတယ်။ အဖြူရောင်လေးတွေဝတ်တဲ့အခါမှာဆိုလည်း အရမ်းလိုက်ဖက်နေမှာပါ။

ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲလှနေမယ့် အရောင်လေးဖြစ်သလို လက်လည်းပိုပေါ်လွင်စေတဲ့ အရောင်လေးပါ။

အစိမ်းရောင်ကြိုက်ရင် တခြားအရောင်ထက် ဒီအစိမ်းရောင်လေးက အသားဆောင်ပြီး အရမ်းလှပါတယ်။ အရောင်လည်းငြိမ်လို့ လူကြီးလူငယ်မရွေး လိုက်ဖက်ပါတယ်။

အနီကိုမှပုလဲဖောက်တာမျိုးကလည်း လက်သည်းအရောင် ပိုတောက်ပြီး လှပါတယ်။ လက်ပိုဖြူသွားစေတဲ့အရောင်လေးပါ။