လက်သည်းနီအမြဲဆိုးလေ့ရှိတဲ့သူတွေ၊ လက်သည်းကို အမျိုးမျိုး ပုံဖော်လေ့ရှိတဲ့သူတွေက ပုံမှန်ထက်ပိုပြီး လက်သည်းပျက်စီးပါတယ်။ ဒါကြောင့် မဖြစ်မနေ လက်သည်းကိုပြန်ပြီး care လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုသူတွေအတွက် ကိုယ်တိုင်အိမ်မှာပဲ ပုံမှန်ဂရုတစိုက်လုပ်ပေးလို့ရမယ့် nails care tips တွေကို မျှဝေပေးလိုက်ပါတယ်။

လက်သည်းကိုအမြဲသန့်စင်ပါ

လက်သည်းကို အမြဲတမ်း ချေးတွေဖယ်တာ၊ သန့်စင်တာမျိုး၊ ပုံမှန်ညှပ်တာမျိုး၊ လက်စွယ်တွေ ညှပ်တာမျိုး လုပ်ပေးပါ။

လက်သည်းဖျက်ဆေးနဲ့ပဲဖျက်ပါ

လက်သည်းနီတွေကို အလွယ်လက်သည်းနဲ့ခြစ်တာမျိုး၊ ဓားနဲ့ခြစ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ လက်သည်းအရမ်းပျက်စီးပါတယ်။ လက်သည်းဖျက်ဆေးနဲ့ပဲ သေချာဖျက်ပေးပါ။

တစ်ပတ်တစ်ရက်လောက်လက်သည်းကိုဘာမှမဆိုးပါနဲ့

လက်သည်းနီကို အမြဲဆိုးထားရင် လက်သည်းပျက်စီးပါတယ်။ ကြာလာရင် လက်သည်းတွေက ဝါပြီးညစ်လာပါမယ်။ လက်သည်းတွေကျိုးပဲ့လွယ်ပါမယ်။ ဒါကြောင့် တစ်ပတ်မှာ တစ်ရက်လောက်တော့ လက်သည်းကို ဘာမှမဆိုးပဲ သန့်ရှင်းပြီး ဒီတိုင်းလေးထားပါ။

လက်သည်းအားဖြည့်ဆီသုံးပါ

လက်သည်းနီအမြဲဆိုးတဲ့သူတွေက လက်သည်းပျက်စီးမှုနှုန်း ပိုများပါတယ်။ ဒါကြောင့် လက်သည်းအားဖြည့်ဆီလေးတွေ အမြဲသုံးပေးပါ။

လက်သည်းကိုမကိုက်ပါနဲ့

လက်သည်းကိုက်ရင် လက်သည်းပျက်စီးရုံတင်မဟုတ်ပဲ လက်သည်းပုံပါပျက်စေပါတယ်။ လက်သည်းကျန်းမာရေးအတွက်လည်း လက်သည်းကိုက်တာက လုံးဝမကောင်းတဲ့အကျင့်ပါ။

Base Coat အမြဲခံဆိုးပါ

လက်သည်းပျက်စီးမှုနှုန်းလျော့ကျချင်ရင် လက်သည်းနီကို ဒီတိုင်းမဆိုးပါနဲ့။ အမြဲတမ်း Base coat ခံဆိုးပါ။ ပြီးမှ လက်သည်းနီထပ်ဆိုးပါ။

Natural Remedies (သို့) Supplement သောက်ပါ

လက်သည်းနီအမြဲဆိုးတဲ့သူတွေက လက်သည်းဝါတာ၊ ညစ်တာ၊ လက်သည်းပျော့ပြီး ကျိုးပဲ့လွယ်တာမျိုးတွေ အဖြစ်များပါတယ်။ ဒါကြောင့် Natural remedies တွေဖြစ်တဲ့ အိမ်တွင်းဖြစ် သဘာဝနည်းလမ်းတွေ လက်သည်းကို သံပုရာသီးနဲ့ပွတ်တာမျိုး စတာတွေကို လုပ်ပေးပါ။ အဲ့လိုမလုပ်ချင်ရင်လည်း လက်သည်းအတွက်ကောင်းတဲ့ Supplement တစ်ခုခုကို သောက်ပေးပါ။