မနက်ပိုင်းမှာ ကိုယ်တိုင်တောင်သတိမထားမိပဲ ပုံမှန်ပြုလုပ်မိနေတဲ့အရာတွေ၊ မသိလို့ လုပ်မိနေတဲ့အရာတွေက ကိုယ့်အသားအရေကို ပျက်စီးစေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေပျက်စီးအောင် မနက်ပိုင်းမှာ လူတော်တော်များများ ပြုလုပ်မိတတ်တဲ့ အလေ့အကျင့်ဆိုးတွေကို ပြောပြပေးလိုက်ပါတယ်။

Mild cleanser နဲ့ မသစ်ခြင်း

မနက်ပိုင်းမှာ မျက်နှာသစ်တဲ့အခါ ပြင်းတဲ့ cleanser တွေနဲ့မသစ်ပဲ mild ဖြစ်တဲ့ cleanser တွေနဲ့ သစ်ပေးတာက အသားအရေအတွက် ပိုကောင်းပါတယ်။ မနက်ပိုင်းမှာ ပြင်းတဲ့ cleanser တွေနဲ့ မျက်နှာသစ်မယ်ဆိုရင် အသားခြောက်တာ၊ ဝက်ခြံထွက်တာ၊ ချွေးပေါက်ကျယ်တာမျိုးတွေ ဖြစ်လာစေပါတယ်။

Skincare မလိမ်းခြင်း

မနက်ပိုင်းမှာ မျက်နှာသစ်ပြီးတာနဲ့ skincare တန်းလိမ်းပေးရပါမယ်။ ညဘက်မှာပဲ skincare လိမ်းပြီး မနက်ပိုင်းမလိမ်းလို့ မရပါဘူး။ မနက်ပိုင်းမှာ အနည်းဆုံးတော့ toner နဲ့ moisturizer လိမ်းပေးရပါမယ်။ ဒါမှ အသားအရေက ရေဓာတ်ပြည့်ဝပြီး healthy skin ဖြစ်နေမှာပါ။

မနက်တိုင်း Oatmeal စားခြင်း

တချို့က မနက်ပိုင်းမှာ Oatmeal ကို နွားနို့နဲ့ရောပြီး စားတတ်ကြပါတယ်။ ဒီလိုစားတာက အားရှိပြီး ကျန်းမာရေးအတွက်ကောင်းပေမယ့် မနက်တိုင်းစားနေမယ်ဆိုရင်တော့ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ မနက်တိုင်း Oatmeal စားတာက ကြာလာရင် အသားအရေခြောက်တာ၊ ချွေးပေါက်ကျယ်တာမျိုးတွေ ဖြစ်စေပါတယ်။

အချိန်ကြာကြာရေချိုးခြင်း

မနက်ပိုင်းမှာ အချိန်ကြာကြာရေချိုးတာက အသားခြောက်စေပါတယ်။ ရေနွေးနဲ့ရေချိုးရင် ပိုဆိုးပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ moisture တွေဆုံးရှုံးပြီး အသားအရေမွဲခြောက်တာ၊ ကြမ်းတာမျိုးတွေ ဖြစ်စေပါတယ်။

ကော်ဖီသောက်ခြင်း

တော်တော်များများက မနက်အိပ်ယာနိုးတာနဲ့ ဘာမှမစားပဲ ကော်ဖီတန်းသောက်တတ်ပါတယ်။ ဒီလိုမျိုး နေ့စဉ်ဖြစ်နေမယ်ဆိုရင်တော့ ကြာလာတဲ့အခါမှာ အသားအရေက dehydrated ဖြစ်ပြီး အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။ ဒါကြောင့် မနက်စာက လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။

source:www.brightside.me