လူတိုင်းအတွက် မနက်ခင်းအစက အရေးကြီးပါတယ်။ မနက်ခင်းမှာထဲက စိတ်မကြည်ပဲ ထိုင်မှိုင်းနေရင် တစ်နေကုန်နေရတာ အဆင်မပြေသလို အလုပ်လုပ်ရတာလည်း အဆင်မပြေဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေမယ့် မနက်ခင်းလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိပ်ယာနိုးတာနဲ့ ဒီလေ့ကျင့်ခန်းတွေ လုပ်ပြီးတော့မှ ခဏနား၊ ရေချိုးပြီး မနက်စာကို အာဟာရရှိအောင် စားလိုက်မယ်ဆိုရင်တော့ တစ်နေ့တာလုံးအတွက် စိတ်ရောကိုယ်ပါ လန်းဆန်းနေမှာပါ။

ပထမဆုံးလေ့ကျင့်ခန်းကတော့ ကြမ်းမှာလှဲပြီး ခြေဖဝါးနှစ်ဖက်ကို ထိထားပါ။ အဲ့အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

ဒုတိယလေ့ကျင့်ခန်းကတော့ Plank ထောက်ပေးရမှာပါ။ ပုံမှာလုပ်ပြထားသလို Plank ထောက်ပြီး စက္ကန့် ၂၀ နေပေးပါ။ အချိန်ပြည့်ရင် စက္ကန့် ၃၀ နားပြီး နောက်တစ်ခေါက်ပြန်လုပ်ကာ စက္ကန့် ၂၀ ထပ်နေပေးပါ။ အဲ့အတိုင်း နားလိုက်၊ ပြန်လုပ်လိုက်နဲ့ ၃ ကြိမ်ဆိုရပါပြီ။

တတိယလေ့ကျင့်ခန်းကတော့ ကလေးတွေလုပ်သလိုမျိုး ခြေထောက်ကိုမြှောက်ထားပြီး လက်နဲ့ကိုင်ထားရမှာပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်းပါ။ အဲ့အတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။

လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ဒူးထောင်ကာ ခန္ဓာကိုယ်ကို အပေါ်ကော့ထားပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီးရင် ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းစီ အောက်ပြန်ချပါ။ ပြီးရင် အဲ့အတိုင်းပဲ ထပ်လုပ်ပါ။ စုစုပေါင်း ၃ ကြိမ်လုပ်ပေးရပါမယ်။

ကြမ်းမှာလှဲပြီး လက်ကိုကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကို ၉၀ ဒီဂရီမြှောက်ထားပါ။ ပြီးရင် ဖြေးဖြေးချင်းစီ အောက်ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့လိုမြှောက်လိုက် ပြန်ချလိုက်နဲ့ ၁၀ ကြိမ် လုပ်ပေးရပါမယ်။

ပုံမှာပြထားသလိုထိုင်ပြီး ခါးကိုမတ်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားသလိုလေး လုပ်ပေးပါ။ ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။

နောက်ဆုံးမှာတော့ လက်ကိုဆန့် ခြေထောက်ကိုဆန့်ပြီး မျက်စိမှိတ်ကာ အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ၁ မိနစ်မှ ၃ မိနစ်အထိ လုပ်ပေးပါ။