ရည်းစားနဲ့ပြတ်တဲ့အခါမှာ တော်တော်များများက ဒီအမှားတွေကို လုပ်မိတတ်ကြပါတယ်။ ဒီအမှားတွေကိုလုပ်လိုက်တော့ ဘာဖြစ်လာမလဲဆိုရင် ပိုပြီးတော့နာကျင့်ခံစားရတာတွေ၊ တော်ရုံနဲ့ move on မလုပ်နိုင်တာတွေ၊ အရှက်ကွဲတာမျိုးတွေ ဖြစ်လာမှာပါ။

အသည်းကွဲသီချင်းတွေနားထောင်ခြင်း

ရည်းစားနဲ့ပြတ်ပြီဆိုရင် အများဆုံးလုပ်ကြတဲ့အမှားကတော့ အသည်းကွဲသီချင်းတွေနားထောင်ပြီး feel တော့တာပါပဲ။ ဒီလိုအချိန်မှာ အသည်းကွဲသီချင်းတွေက အရမ်းနားထောင်လို့ ကောင်းတယ်ဆိုပေမယ့်လည်း ကိုယ်ပဲပိုပြီး နာကျင်ခံစားရမျာပါ။ ဒီတော့ ဝမ်းနည်းစေမယ့်အရာတွေ မလုပ်ပါနဲ့တော့။

တစ်ယောက်ထဲနေခြင်း

အသည်းကွဲနေလို့ ဘယ်မှမသွားချင်ဘူး၊ တစ်ယောက်ထဲပဲနေချင်တယ်ဆိုတာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုနေတော့ ကိုယ်ပဲခံစားရမှာပါ။ ဒီနာကျင်စေမယ့် အကြောင်းအရာတွေကို မေ့ထားနိုင်ရင် စိတ်သက်သာရာရပြီး နေလို့ကောင်းသွားမှာပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ သူငယ်ချင်းတွေနဲ့ အပြင်သွားပါ။

နောက်တစ်ယောက်ချက်ချင်းတွဲခြင်း

ပြန်သွားတဲ့ရည်းစားကို အရွဲ့တိုက်ချင်လို့ဆိုပြီး သူနဲ့ပြတ်ပြီးတာနဲ့ ချက်ချင်း နောက်တစ်ယောက်တွဲတာမျိုးကလည်း အရမ်းမှားပါတယ်။ ဘာမှသေချာမစဉ်းစားပဲ လုပ်လိုက်တာအတွက်နဲ့ နောက်မှနောင်တရတာမျိုး မဖြစ်ပါစေနဲ့။

အမှတ်တရတွေကိုထုတ်ကြည့်ခြင်း

ရည်းစားနဲ့ပြတ်တော့ လွမ်းလို့ဆိုပြီး အမှတ်တရတွေ၊ သူနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ထုတ်ကြည့်တာမျိုး၊ သူနဲ့ပြောထားတဲ့စာတွေ ပြန်ဖတ်တာမျိုး မလုပ်ပါနဲ့။ ပိုသတိရပြီး ဝမ်းနည်းလာပါလိမ့်မယ်။ အမြန်ဆုံး move on လုပ်နိုင်အောင် အဲ့တာတွေကိုလည်း ဖျက်ပစ်ရမှာပါ။

သူ့အကြောင်းတွေပဲတွေးနေခြင်း

တစ်ယောက်ထဲနေရင်တော့ ဟိုတွေးဒီတွေးနဲ့ အတွေးတွေက အဲ့ပြတ်သွားတဲ့ရည်းစားဆီပဲ ရောက်နေမှာပါ။ အတွေးတွေကြောင့် ပိုစိတ်ညစ်ပြီး ပိုခံစားရစေပါတယ်။ ဒါကြောင့် အတွေးထဲရောက်လာရင်တော့ တခြားအရာကို အာရုံပြောင်းလုပ်နေပါ။

Social media မှာ Check လုပ်နေခြင်း

ပြတ်ပြီးသွားရင် social media မှာ လိုက်ပြီး check မနေပါနဲ့တော့။ သူ့ပုံမြင်ရင် ပိုလွမ်းသွားတာတို့၊ တခြားတစ်ယောက်နဲ့ စကားပြောထားတာ၊ အဆင်ပြေနေတာမြင်ရင် ပိုခံစားရတာတို့ ဖြစ်လာပါလိမ့်မယ်။ Move on ချင်တယ်၊ မခံစားနေချင်ဘူးဆိုရင်တော့ block ထားလိုက်တာ အကောင်းဆုံးပါပဲ။