Hair dryer သုံးတဲ့အချိန်မှာ သုံးနည်းမှားနေရင် ဆံသားပျက်စီးတာမျိုးတွေ ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်း အခြောက်ခံတာက အကောင်းဆုံးပါပဲ။ သုံးမယ်ဆိုရင်လည်း ဆံသားမပျက်စီးအောင် သေချာသုံးဖို့လိုပါတယ်။ ဒါကြောင့် Hair dryer သုံးတဲ့အချိန်မှာ ဆံသားပျက်စီးအောင် မှားယွင်းစွာပြုလုပ်မိနေတဲ့ အရာတွေကို ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

လေအပူသုံးခြင်း

Dryer သုံးတဲ့အခါမှာ တော်တော်များများက အမြန်ခြောက်အောင်ဆိုပြီး လေအပူနဲ့သုံးကြပါတယ်။ လေအပူနှိပ်သုံးတာက ဆံသားအတွက်လိုအပ်တဲ့ moisture တွေဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့စေပါတယ်။ ဆံသားဖွာပြီး အဖျားနှစ်ခွတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် dryer သုံးမယ်ဆိုရင် လေအေးနဲ့ပဲ သုံးပေးပါ။

Direction မှားခြင်း

Dryer နဲ့ ဆံပင်ခြောက်အောင်မှုတ်တဲ့အခါမှာ အောက်ကနေပင့်ပြီးမှုတ်ရင် ဆံသားဖွာပြီး ရှုပ်ထွေးတာ၊ ဆံသားခြောက်သွေ့ပျက်စီးတာမျိုးတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်အရင်းကနေ အဖျားကို မှုတ်ပေးရပါမယ်။ ဒါမှ ခြောက်သွားတဲ့အခါ ဆံပင်ပုံကျပြီး လှနေမှာပါ။ ဆံသားဖွာတာမျိုးလည်း မဖြစ်မှာပါ။

ဘီးမသုံးခြင်း

Dryer မှုတ်တဲ့အခါမှာ တော်တော်များများက ဆံပင်တွေကို လက်နဲ့ဖွပြီးပဲ မှုတ်တတ်ကြပါတယ်။ ဒီလိုလုပ်တာက ဆံသားရှုပ်ထွေးစေပါတယ်။ ဒါကြောင့် ဆံသားကို dryer မမှုတ်ခင်မှာ oil တစ်ခုခုလိမ်းပြီးမှ အောက်ဖျားလေးတွေနဲ့ ဘီးနဲ့ယူပြီး dryer မှုတ်ပေးပါ။ ဒီလိုဘီးသုံးပြီးလုပ်တာက ဆံသားပုံကျပြီး ထူထူသိပ်သိပ်လေး ဖြစ်စေပါတယ်။ ဆံသားချောမွေ့နေတဲ့ပုံစံမျိုးလည်း ရစေပါတယ်။

ခေါင်းနဲ့နီးနီးလေးထားသုံးခြင်း

Dryer ကို ခေါင်းနဲ့နီးနီးလေးထားပြီးသုံးတာက အသားအရေပျက်စီးစေသလို ဆံသားအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ၁၂ လက်မအကွာကနေထားပြီး သုံးပေးပါ။

Dryer သုံးပြီးပြီးချင်းအပြင်မထွက်ပါနဲ့

Dryer နဲ့ ဆံပင်ကိုခြောက်အောင်မှုတ်ပြီးရင် ချက်ချင်းအပြင်မသွားပါနဲ့။ အထဲမှာခဏနေပါ။ အပြင်ချက်ချင်းထွက်လိုက်ရင် ဦးရေပြား skin ထိခိုက်ပျက်စီးစေပြီး ဆံပင်ပုံသွင်းထားတာလည်း ကြာရှည်မခံပါဘူး။

Dryer ကို သန့်ရှင်းရေးမလုပ်ခြင်း

ကိုယ်သုံးတဲ့ hair dryer ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးတဲ့သူက ရှားပါတယ်။ Hair dryer ကို သန့်ရှင်းရေးမလုပ်ပဲ ဒီတိုင်းထားပြီးသုံးရင် dryer ထဲမှာရှိနေတဲ့ဖုန်တွေက ဆံပင်နဲ့ ဦးရေပြားကို ပြန်ကပ်ပြီး ညစ်ပတ်စေပါတယ်။ လေမှုတ်ရင် ထွက်လာတဲ့အနံ့ကလည်း မကောင်းပါဘူး။ ဒါကြောင့် ၂ ပတ် တစ်ခါလောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

Position တစ်မျိုးထဲထားသုံးခြင်း

Dryer ကို position တစ်မျိုးထဲထားပြီးသုံးနေရင် ဆံသား ခြောက်သွေ့ပျက်စီးစေသလို ခြောက်တာလည်းနှေးပါတယ်။ ဒါကြောင့် position အမျိုးမျိုးပြောင်းပြီး ဘယ်ညာ အားလုံးကို rotate လှည့်သလို သေချာလှည့်သုံးပြီး မှုတ်ပေးပါ။

source:www.brightside.me