Depression ဝင်တယ်ဆိုတာက ကိုယ့်ရဲ့ စိတ်ခံစားချက်၊ အတွေးတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေကို တိုက်ထုတ်နိုင်မှ Strong ဖြစ်လာမှာပါ။ အဲ့ခံစားချက်တွေအတိုင်းပဲ လိုက်မျောပြီးသွားနေမယ်ဆိုရင်တော့ လုံးဝကို Depression ဝင်သွားမှာပါ။
ဘယ်လိုစိတ်ခံစားချက်တွေလဲဆိုရင်တော့…….

အတွေးလွန်ခြင်း

အဆိုးဆုံးကတော့ အရမ်းအတွေးလွန်တာပါပဲ။ အတွေးလွန်ပြီး ခံစားချက်တွေက မကောင်းတဲ့ဘက်ကိုပဲ ဦးတည်လာမှာပါ။ ဝမ်းနည်းစရာတစ်ခုရှိရင်တောင် အတွေးလွန်ပြီး ပိုဆိုးလာမယ်၊ အတွေးလွန်ပြီး Overthinking ဖြစ်တဲ့သူတွေက Depression ပိုဝင်ပါယ်။

အားငယ်စိတ်များခြင်း

အားငယ်စိတ်တွေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေ များလွန်းတဲသူတွေကလည်း သူများထက်ပိုပြီးတော့ အလွယ်တကူနဲ့ စိတ်ဓာတ်ကျတတ်တယ်၊ Depression ဝင်တတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာက စိတ်ဓာတ်ပျော့ညံ့လာစေပါတယ်။ အရာရာကို သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ ပိုဝင်လာစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် ကိစ္စတစ်ခုခုကို ကြုံတွေ့ရတိုင်းမှာ Depression က အလိုလိုဝင်လာတာပါပဲ။

ဝမ်းနည်းလွယ်ခြင်း

ဝမ်းနည်းလွယ်တဲ့သူတွေက စိတ်ပျော့ညံ့တဲ့သူတွေ များပါတယ်။ အဆင်မပြေတာလေး နည်းနည်းကြုံတာနဲ့ ဝမ်းနည်းလာတာမယ်၊ အတွေးတွေလွန်လာမယ်၊ ပြီးရင် မသိမသာ Depression ဝင်လာတော့တာပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားပါ။

သူများကိုပဲအားကျနေခြင်း

ကိုယ့်ဘဝကို မကျေမနပ်ဖြစ်ပြီး သူများကိုပဲ အရာရာလိုက်ကြည့်ပြီး အားကျနေမယ်ဆိုရင်တော့ အလိုလိုနေရင်းနဲ့ Depression ဝင်လာမှာပါ။ ကောင်းတာတွေအားကျပြီး သူ့လိုဖြစ်အောင် ကြိုးစားတာမျိုးဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတွေကအစ လိုက်အားကျနေရင်တော့ Depression ဝင်လာဖို့ပဲ များပါတယ်။