လက်သည်းနီပုလင်းထဲက လက်သည်းနီတွေက ကြာလာရင် ခြောက်ကုန်တာမျိုး ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ကိုယ်တိုင်က သေချာထိန်းသိမ်းတတ်ဖို့လိုပါတယ်။ ကိုယ်ထိန်းသိမ်းတဲ့ပုံစံမှားနေရင် လက်သည်းနီတွေက ခဏလေးနဲ့ခြောက်ပြီး ပျက်စီးကုန်ပါလိမ့်မယ်။ ဒါကြောင့် ပုလင်းထဲကလက်သည်းနီတွေ ခြောက်သွားတာမျိုးမဖြစ်အောင် ထိန်းသိမ်းရမယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

လက်သည်းနီပုလင်းတွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မထားရပါဘူး။ နေရောင်ခြည်တိုက်ရိုက်ထိနေရင် အထဲကလက်သည်းနီတွေ ခဏလေးနဲ့ ခြောက်ကုန်ပါတယ်။ လက်သည်းနီတွေ အရောင်ပြယ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

လက်သည်းနီပုလင်းကို မှောင်တဲ့နေရာ၊ အေးတဲ့နေရာမျိုးမှာ ထားရပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင် ပိုပြီးကြာရှည်ခံပါတယ်။ နှစ်နဲ့ချီအောင်ခံပါတယ်။ ရေခဲသေတ္တာထဲမှာထားလို့ လက်သည်းနီတွေခဲသွားတာ၊ ခြောက်သွားတာမျိုး လုံးဝမဖြစ်ပါဘူး။

လက်သည်းနီပုလင်းကို အားနဲ့ shake မလုပ်ရပါဘူး။ ဒီလို shake လုပ်လိုက်ရင် လက်သည်းနီတွေက ကျဲတဲ့နေရာကျဲသွားပြီး၊ ပြစ်တဲ့နေရာပြစ်သွားတာမျိုး ဖြစ်ပြီး မညီတော့ပါဘူး။ ဒါကြောင့် လက်ဖဝါးနှစ်ဖက်ကြားထဲ ပုလင်းထည့်ပြီး လှိမ့်ပေးတာမျိုးလောက်ပဲ လုပ်ပေးပါ။

လက်သည်းနီပုလင်းကို ဆိုးပြီးရင် သေချာလုံအောင်ပြန်ပိတ်ပါ။ တင်းကြပ်နေအောင်၊ သေချာလုံအောင်မပိတ်ရင်တော့ ခဏလေးနဲ့ ခြောက်ကုန်မှာပါ။ ဆိုးနေတဲ့အချိန်မှာလည်း လက်သည်းနီပုလင်းကို အကြာကြီးဖွင့်ထားတာမျိုး မလုပ်ပါနဲ့။

လက်သည်းနီပုလင်းဘေးပတ်ပတ်လည်နဲ့ အဖုံးမှာပေနေတဲ့ လက်သည်းနီတွေကို အမြဲတမ်းသန့်ရှင်းရေးလုပ်ပြီး ဖယ်ရှားပေးပါ။ အဲ့လိုပေနေတာတွေကို မဖယ်ပဲဒီတိုင်းထားရင် အဖတ်လိုက်တွေဖြစ်ပြီး ခြောက်ကုန်ပါလိမ့်မယ်။ အဲ့တာတွေက လက်သည်းနီပုလင်းထဲဝင်ရင် လက်သည်းနီပျက်စီးပါတယ်။

လက်သည်းနီခြောက်တာတို့၊ ပျစ်တာတို့ဖြစ်နေရင် လက်သည်းဖျက်ဆေးမရောရပါဘူး။ လက်သည်းနီအကြည် ရောပေးလို့ရပါတယ်။ လက်သည်းဖျက်ဆေးရောလိုက်မယ်ဆိုရင် ကျဲသွားပေမယ့် ခဏလေးနဲ့ ခြောက်စေပါတယ်။ လက်သည်းနီအရောင်လည်း ပျက်စေပါတယ်။