ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးအများစု သဘောကျနှစ်သက်မယ့် Makeup Look လေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေ ဘယ်လို Look ပြင်ရမှန်းမသိတဲ့အခါ ဒီ Makeup Look လေးတွေကနေ အိုင်ဒီယာယူပြီး ပြင်လို့ရတာပေါ့။
နေ့တိုင်းပြင်ဖို့အတွက် အရမ်းအဆင်ပြေတဲ့ Everyday Look လေးပါ။ ရှင်းရှင်းလေးနဲ့လှပြီးတော့ ဘယ်လိုအဝတ်အစား ဖက်ရှင်နဲ့မဆိုလည်း လိုက်ဖက်ပါတယ်။
ပွဲတက်စရာရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဆွဲဆောင်မှုရှိပြီး အထာကျတဲ့ Look လေးတွေ ပြင်ချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ Makeup Look လေးက အရမ်းလှပါတယ်။
ဒီ Makeup Look လေးဆိုရင်လည်း Everyday Look အတွက် အဆင်ပြေပါတယ်။ မျက်နှာလေးလင်းပြီး လှပနေစေမယ့်၊ Fresh ဖြစ်နေစေမယ့် Look လေးပါ။
Warm Tone လေးနဲ့ ဆွဲဆောင်မှုရှိပြီး လှတာမျိုးလေးဆိုရင်တော့ ဒီ Makeup Look လေးကို Try ကြည့်ပါ။ ပွဲတက်အတွက်ပါ အရမ်းအဆင်ပြေပါတယ်။
ဒီ Makeup Look လေးမှာတော့ မျက်ကပ်မှန်အရောင်ကြောင့် Makeup Look ကို ပိုလှသွားစေတယ်၊ ပိုပြီး ဆွဲဆောင်မှုရှိသွားစေပါတယ်။ တစ်ခါတစ်လေကျရင်လည်း မျက်ကပ်မှန်တပ်တာက Makeup ပြင်ရင် အရမ်းလှပါတယ်။
Simple ဖြစ်ပြီး ရှင်းရှင်းလေးနဲ့ လှနေစေမယ့် Everyday Makeup Look လေးဖြစ်ပါတယ်။ Makeup ပြင်ရင် ထင်းနေတာမျိုးတွေ မကြိုက်ဘူးဆိုရင်တော့ ဒီ Look လေးကို ပြင်ကြည့်ပါ။
မိန်းကလေးဆန်ပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် နောက်ထပ် Everyday Makeup Look လေးပါ။ ဘယ်လိုအဝတ်အစား ဖက်ရှင်နဲ့မဆိုလည်း လိုက်ဖက်ပါတယ်။
ပါတီပွဲတွေသွားစရာရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ခရမ်းရောင် Look လေးပြင်ချင်တယ်ဆိုရင်တော့ ဒီ Makeup Look လေးက ဆွဲဆောင်မှုရှိပြီး လှပါတယ်။
ရိုးရိုးရှင်းရှင်းလေးနဲ့ မိန်းကလေးဆန်တဲ့ Pink Makeup Look လေးပါ။ ဒီ Makeup Look လေးကျတော့ Cute Type ဖက်ရှင်လေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။
အရမ်းချစ်ဖို့ကောင်းပြီး နေ့တိုင်းပြင်ဆင်ဖို့အတွက် အရမ်းအဆင်ပြေတဲ့ Peach Makeup Look လေးပါ။ လူငယ်ကောင်မလေး အမျာစုလည်း သဘောကျမှာ သေချာပါတယ်။ အထာကျကျဖက်ရှင်တွေကလွဲလို့ ကျန်တဲ့ဖက်ရှင်အားလုံးနဲ့ လိုက်ဖက်တဲ့ Makeup Look လေးပါ။
Photo source:www.youtube.com