အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများကလည်း မိတ်ကပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် လိမ်းခြယ်လာတတ်ကြပါပြီ။ ရွေးချယ်စရာမိတ်ကပ်ပစ္စည်းတွေနဲ့၊ ပြင်ဆင်စရာမိတ်ကပ်တွေကလည်း ပေါများလာတော့ လူတိုင်းလှနေကြပြီပေါ့။ ဒါပေမယ့် ကိုယ်ကတော့မိတ်ကပ်တွေ ကြိုးစားပမ်းစားပြင်ဆင်ထားပေမယ့် မိတ်ကပ်ပြင်လည်း ဒီရုပ်ပဲလို့ပြောခံရရင် နည်းနည်းတော့ဖီးလ်ကျဲတာပေါ့။

ဒီတော့ နဂိုရုပ်ထက် အနည်းငယ်ပြောင်းလဲပြီးမိတ်ကပ်လိမ်းခြယ်ဖို့အတွက်ဆိုရင် ဒီအချက်တွေကိုတော့ သိထားဖို့လိုမယ်နော်။

Contour လုပ်တတ်ဖို့လိုမယ်

မျက်နှာကို Contour လုပ်တယ်ဆိုတာကမျက်နှာကို အချိုးကျကျနဲ့ လှပစေတာမို့လို့ သင့်ရဲ့မျက်နှာအချိုးအစားကိုလည်း ပိုပြီးတော့ပေါ်လွင်စေမှာပဲဖြစ်ပါတယ်။ မိတ်ကပ်ဗီဒီယိုတွေတော်တော်များများမှာလည်း Contour ဘယ်လိုဆွဲရမလဲဆိုတာကိုလေ့လာကြည့်လို့ရပါတယ်နော်။

မျက်ခုံးမွှေးကိုဖြည့်ကြည့်ပါ

သင်ကမျက်ခုံးမွှေးပါးတဲ့သူဆိုရင်တော့ မျက်ခုံးမွှေးကိုပုံစံကျပြီး သပ်သပ်ရပ်ရပ်ဖြစ်နေအောင် ဆွဲကြည့်လိုက်ပါ။ တကယ်လို့ သင့်မျက်ခုံးမွှေးကထူပြီးသားဆိုရင်လည်း မျက်ခုံးကို ပုံကျပြီးလှပနေအောင်လည်း ပြင်ဆင်ကြည့်လိုက်ပါ။ ဒီလိုဆိုရင်တော့ အနည်းငယ်ပြောင်းလဲပြီးလှပလာမှာအသေချာပါပဲ။

Eyeshadow ခြယ်တဲ့အခါမှာ

Source: youm7.com

Eyeshadow ခြယ်တဲ့အခါမှာလည်း မျက်နှာအနေအထားကို ပြောင်းလဲသွားစေဖို့အတွက်ဆိုရင် အရောင်တွေကိုသေချာစပ်ပြီးဆွဲတာကအကောင်းဆုံးဖြစ်မှာပါ။ သင့်မျက်လုံးကို အရောင်တွေစပ်ပြီး ခြယ်သတာက ပိုဆွဲဆောင်မှုရှိသွားစေပြီး မျက်လုံးအလှကိုလည်း ပိုပြီးပေါ်လွင်စေမှာပဲဖြစ်ပါတယ်။

မျက်ခုံးရိုးတစ်ဝိုက်

သင့်ရဲ့မျက်ခုံးရိုးတစ်ဝိုက်ကိုလည်းမေ့ထားလို့မဖြစ်သေးပါဘူး။ မျက်ခုံးအောက်ကအရိုးနေရာမှာ Highlight လေးနည်းနည်းထည့်ပေးမယ်ဆိုရင် သင့်မျက်ခုံးကိုပိုပြီးထင်ရှားသွားစေမှာပဲဖြစ်ပါတယ်။

ပါးနီခြယ်သဖို့

ပါးနီခြယ်သပေးဖို့ကတော့ မိတ်ကပ်ပြင်ဆင်မှုအတွက် လိုကိုလိုအပ်ပါတယ်။ သင်ဝတ်ထားတဲ့ဖက်ရှင်နဲ့လိုက်ဖက်တဲ့ ပါးနီအရောင်ကိုခြယ်သပေးမှ ပိုပြီးလှပမှာပေါ့။ မိတ်ကပ်လိမ်းပြီးပါးနီ မလိမ်းခြယ်ဘူးဆိုရင်လည်းဘယ်လိုမှမလှတဲ့အပြင် ကြည့်ရတာလည်းတစ်မျိုးဖြစ်စေတာပေါ့။ ဒါ့အပြင် ပါးနီခြယ်သရုံတင်မကပဲ Highlighter ကိုလည်း ပါးရိုးတစ်လျှောက်ခြယ်သပေးမယ်ဆိုရင်လည်း သင့်မျက်နှာအနေအထားကို ပိုလှပသွားစေပြီး ဆွဲဆောင်မှုလည်းရှိနေစေမှာပါ။

ဒါတွေကတော့ မိတ်ကပ်ခြယ်သတာကို သိသိသာသာဖြစ်စေဖို့ ပြုလုပ်သင့်တဲ့အရာတွေဖြစ်ပြီး ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့အလှတရားတွေက ပိုပြီးတော့ပေါ်လွင်သွားစေမှာပဲဖြစ်ပါတယ်။