စုံတွဲတွေအတွက် ဒီတစ်ခါမှာတော့ အတူတူတွဲပြီးလုပ်ကြည့်သင့်တဲ့ ပျော်စရာကောင်းသော၊ ကြည်နူးစရာကောင်းသော အရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။
လေ့ကျင့်ခန်းတူတူလုပ်ကြည့်ပါ
တစ်ယောက်ထဲလေ့ကျင့်ခန်းလုပ်ရင်တောင် ပျင်းရတာနဲ့၊ လုပ်ဖို့စိတ်မပါတာနဲ့ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ချစ်သူနဲ့အတူတူ လေ့ကျင့်ခန်းလုပ်ရတာ ပျော်စရာကောင်းသလို၊ ရီလည်းရီရပါတယ်။
မုန့်တူတူလုပ်စား၊ ဟင်းတူတူချက်စားကြည့်ပါ
နှစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပါခေါ်ပြီးတော့ပဲဖြစ်ဖြစ် အတူတူ မုန့်လုပ်စားတာမျိုး၊ ဟင်းချက်တာမျိုး လုပ်ကြည့်ပါ။ ပျော်စရာကောင်းပြီး ကြည်နူးစရာလည်း ကောင်းပါတယ်။
ရုပ်ရှင်တူတူကြည့်ပါ
နှစ်ယောက်တူတူ ရုပ်ရှင်ကြည့်တာက ပျော်စရာကောင်းသလို၊ အပျင်းလည်းပြေပါတယ်။ တစ်ခါတစ်လေကျရင် တစ်ယောက်ထဲ ရုပ်ရှင်ကြည့်ရတာ ပျင်းဖို့ကောင်းတာကြောင့် ချစ်သူနဲ့တူတူကြည့်ကြည့်ပါ။
ဂိမ်းတူတူဆော့ပါ
ချစ်သူနဲ့အတူတူ ဂိမ်းဆော့ရတာက တကယ်ကိုပျော်စရာကောင်းသလို၊ ရီလည်းရီရပါတယ်။ မဆော့ဘူးရင် ဆော့ကြည့်ပါလို့ အကြံပေးပါတယ်။
တူတူစျေးဝယ်ထွက်ပါ
ပျင်းနေလို့ အပြင်ထွက်ပြီး တစ်ခုခုလုပ်ချင်တယ်ဆိုရင် မုန့်စားပြီး တူတူစျေးဝယ်ထွက်ကြည့်ပါ။ တစ်ယောက်ဝယ်တာကို တစ်ယောက်ကလိုက်ရွေးပေး၊ စိတ်ရှည်ရှည်နဲ့လိုက်ပေးတာက တကယ်ကို ပျော်စရာ၊ ကြည်နူးစရာ ကောင်းပါတယ်။