တစ်ဖြေးဖြေးနဲ့ အဆီတွေတက်ပြီး ဝလာအောင် သင်ကိုင်တိုင်လုပ်မိနေတဲ့ အလေ့အကျင့်တွေ ရှိပါတယ်။ တစ်ခါတစ်လေကျရင်လည်း သတိမထားမိတဲ့ အသေးအဖွဲ့ကိစ္စလေးတွေကြောင့် ဝလာစေပါတယ်။

ခဏခဏအိပ်တာ

ခဏခဏအိပ်တတ်တဲ့အကျင့်ကလည်း ဝလာစေပါတယ်။ အိပ်ပဲအိပ်နေတော့ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိပဲ အဆီတွေပိုတက်ပြီး ဝလာစေတာပါ။

Workout မလုပ်တာ

Workout လုပ်မှ မလိုအပ်တဲ့အဆီတွေကျပြီး ဝိတ်ထိန်းထားနိုင်မှာပါ။ Workout မလုပ်ရင် လှုပ်ရှားမှုနည်းတဲ့အခါ အဆီတွေများလာမယ်။ စားတာများရင် ဝိတ်တက်ပြီး ဝလာစေပါမယ်။

တီဗီကြည့်ရင်းနဲ့စားတာ

တီဗီကြည့်ရင်းနဲ့စားတာက ပိုပြီးစားဝင်ပါတယ်။ ထိုင်ရာမထပဲ အချိန်အကြာကြီး စားနေမိတဲ့အတွက် ပိုဝိတ်တက်စေပါတယ်။

ရေသောက်နည်းတာ

ရေသောက်နည်းတာကလည်း ဝိတ်တက်ပြီးဝစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာသောက်ပေးသင့်ပါတယ်။

စားပြီးတိုင်းထိုင်နေတာ

စားပြီးထိုင်နေတာက အရမ်းအဆီတက်ပါတယ်။ အဓိက ဗိုက်နဲ့ခါးမှာ အဆီတွေထွက်လာပြီး ခါးတုတ်စေပါတယ်။