ကိုယ့်ရဲ့ Lifestyle အမှားကြောင့် Weight ပိုတက်လာတာမျိုး၊ ဝပြီး အဆီတွေများလာတာ၊ စုလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်မှားနေတာတွေရှိရင် ဆင်ခြင်လို့ရဖို့အတွက် Weight တက်လာအောင် သင်ကိုယ်တိုင်လုပ်နေမိတဲ့ Lifestyle အမှားတွေကို ပြောပြပေးလိုက်ပါတယ်။
အိပ်ရေးပျက်တာတွေများခြင်း
တစ်ခါတစ်လေမဟုတ်ပဲ အမြဲအိပ်ရေးပျက်တာတွေကြောင့် အရမ်းပိန်ကျသွားတာမျိုးတွေလည်း ရှိသလို Weight တက်လာတာမျိုးတွေလည်း ရှိပါတယ်။ တချို့ကျတော့ အချိန်နဲ့ ညဘက်တွေမှာ သေချာမအိပ်ပဲ နေ့လည်ဘက်ရောက်မှ တစ်နေကုန်အိပ်တာမျိုးတွေ ရှိပါတယ်။ အဲ့တာတွေက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းပြီး တစ်ချိန်လုံးထိုင်နေတာ၊ လှဲနေတာမျိုးတွေက သိသိသာသာ Weight တက်လာစေတယ်၊ အဆီစုလာစေပါတယ်။ အထူးသဖြင့် ဗိုက်အဆီ၊ ခါးအဆီတွေ များလာစေပါတယ်။ စားသောက်ပြီး လှဲနေတာ၊ ထိုင်နေတာတွေကလည်း သင့်ကို Weight တက်စေပါတယ်။
တစ်ခုခုလုပ်ရင်းနဲ့စားသောက်ခြင်း
ရုပ်ရှင်ကြည့်ရင်း၊ တစ်ခုခုလုပ်ရင်းနဲ့ ထိုင်ပြီးစားသောက်နေတာတွေက များများပိုစားဖြစ်ပြီး Weight ပိုတက်လာစေပါတယ်။ တချို့ဆိုရင် တစ်ချိန်လုံးထိုင်ပြီး ရုပ်ရှင်ကြည့်ရင်း စားသောက်နေတာတွေကြောင့် မျောပြီး ကိုယ်ဘယ်လောက်စားနေမိလဲဆိုတာ မသိတော့ပဲ Limit မရှိတော့ပါဘူး။
Workout မလုပ်ခြင်း
ကိုယ့်ရဲ့ Lifestyle ထဲမှာ Workout လုပ်တဲ့အကျင့်မရှိရင်တော့ အဆီတွေများလာမယ်၊ Weight တက်လာပါမယ်။ ပုံမှန်လေးသာ Workout လုပ်ပေးသွားမယ်ဆိုရင် Body လည်း ထိန်းပြီးသားဖြစ်မှာပါ။ အစားလည်းမလျှော့၊ Workout လည်းမလုပ်ဘူးဆိုရင်တော့ ဝိတ်ပိုတက်ပြီး ဝလာဖို့ပဲရှိပါတယ်။
အစားအသောက်စားတာမမှန်ခြင်း
အစားအသောက်ကို အာဟာရမျှတအောင်မစားပဲ သရေစာမုန့်တွေ၊ အဆီအစိမ့်တွေပဲ စားနေတာမျိုး၊ အစားအသောက်ကို အချိန်နဲ့မစားပဲ စားချင်တဲ့အချိန်မှ ထစားတာမျိုး၊ ညမိုးချုပ်မှ ဗိုက်ဆာလို့ဆိုပြီး စားချင်တာတွေ ထစားတာမျိုးတွေက Weight တက်စေပါတယ်။ ဒါကြောင့် အစားအသောက်ကို အချိန်နဲ့စားပြီး သေချာစနစ်တကျ စားသောက်ဖို့ကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။