K-pop fan တွေနဲ့ လူငယ်ကောင်မလေးတွေအတွက် K-pop Idol များရဲ့ ဆံပင်ပုံစံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆံပင်ပုံစံလေးတွေက သင်ကိုယ်တိုင်လည်း လိုက်ညှပ်လို့အဆင်ပြေတဲ့ ပုံစံလေးတွေဖြစ်တာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

IU

ဆံပင်အတိုညှပ်ချင်တဲ့ကောင်မလေးတွေနဲ့ IU fan လေးတွေအတွက်ဆိုရင်တော့ IU ရဲ့ ဒီဆံပင်ပုံလေးကို သဘောကျမှာပါ။ လူငယ်ဆန်ပြီး ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Wendy (Red Velvet)

ဆံပင်အတိုကိုမှ အတိမဟုတ်ပဲ အုပ်အုပ်လေးညှပ်ချင်တဲ့ ကောင်မလေးတွေနဲ့ Wendy fan တွေကတော့ Wendy ရဲ့ ဒီဆံပင်ပုံစံလေးကို ညှပ်ကြည့်သင့်ပါတယ်။ အရောင်ဆိုးလည်း ချစ်ဖို့ကောင်းသလို အနက်ရောင်လေးအတိုင်းပဲဆိုလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ဆံပင်ပုံလေးပါ။

Irene (Red Velvet)

ဆံပင်အရှည်နဲ့ကောင်မလေးတွေကတော့ ပုံစံလေးပြောင်းချင်တယ်၊ ဆံပင်အရှည်ကိုမှ အရှေ့ဆံမြိတ်လေးချချင်တယ်ဆိုရင် Irene ရဲ့ ဒီဆံပင်ပုံလေးကို ညှပ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Jisoo (Blackpink)

ဆံပင်အတိုကိုမှ အရမ်းတိုတာမျိုးမညှပ်ချင်တဲ့သူတွေကတော့ Jisoo ရဲ့ ဒီဆံပင်ပုံစံလေး ညှပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ Jisoo fan လေးတွေလည်း ညှပ်မယ်ဆိုရင် ဒီပုံစံလေးညှပ်ကြည့်ပါ။

Lisa (Blackpink)

ဆံပင်အတိုကိုမှ လုံးဝခပ်မိုက်မိုက်လေးညှပ်ချင်တဲ့သူတွေနဲ့ Lisa fan လေးတွေကတော့ Lisa ရဲ့ ဒီဆံပင်ပုံစံလေးညှပ်ကြည့်ပါ။ Highlight ပါဖောက်ရင်တော့ ပိုပြီးမိုက်တာပေါ့။

Yerin (GFriend)

ဆံပင်အရောင်ဆိုးချင်ရင်တော့ လူငယ်ဆန်ဆန် Yerin ရဲ့ ဆံပင်ပုံစံလေး Try ကြည့်သင့်ပါတယ်။ Yerin fan လေးတွေဆိုလည်း ကြိုက်မှာသေချာပါတယ်။

Somi

ဆံပင်အရှည်ကိုမှ အရောင်လေးဆိုးချင်ရင်တော့ Somi ဆံပင်ပုံစံလေးလုပ်ကြည့်ပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။ ကလေးဆန်တဲ့ပုံစံတွေမကြိုက်ရင် Somi ဆံပင်ပုံစံလေးကို Try ကြည့်သင့်ပါတယ်။

Yeji (ITZY)

ဆံပင်အရှည်ကိုမှ ဖြောင့်ဆင်းနေတာမျိုးလေးကြိုက်ရင်တော့ Yeji ဆံပင်ပုံစံလေးသာလုပ်ပါ။ ရိုးရိုးလေးနဲ့ ဘယ်အချိန်ကြည့်ကြည့်လှပါတယ်။ Yeji fan လေးတွေဆိုရင် Yeji လုပ်နေကျ ဆံပင်စတိုင်လ်လေးတွေ လုပ်ကြည့်ပါ။