အားလုံးပဲ မင်္ဂလာပါနော်။ ရာသီဖွားတွေထဲမှာ Date မလုပ်သင့်တဲ့ ရာသီဖွားတွေရှိပါတယ်။ ဒီထဲမှာ Gemini ရာသီပါဝင်နေပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာက Gemini ရာသီဖွားတိုင်းမှာ ဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ရဲ့ ယေဘုယျ စိတ်နေစိတ်ထားပုံစံအရ ကောက်ချက်ချထားတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကျင့်၊ သူတို့စိတ်ထားကို သိထားတဲ့အခါ Gemini ရာသီဖွားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ အထာနပ်သွားပါလိမ့်မယ်။

၁။ အတွေးများတယ်


သူတို့က အတွေးများပါတယ်။ သင်စကားတစ်ခွန်းကို အမြဲ ကြိမ်ဖန်များစွာပြောရပါလိမ့်မယ်။ သင်ပြောတဲ့စကားတွေကိုလည်း ကြားတစ်ချက် မကြားတစ်ချက်နဲ့ အာရုံမစိုက်တတ်ကြပါဘူး။

၂။ ခံစားချက်မရှိဘူး


သူတို့က အတွေးကိုယ်စီနဲ့ အလုပ်ရှုပ်နေတတ်ပြီး ခံစားချက်မရှိဘူးလို့ ထင်ရပါတယ်။ စူးစမ်းချင်စိတ်များပြားလွန်းတာကြောင့် သင်စကားပြောနေရင်တောင် သူတို့က သူတို့ စပ်စုချင်တဲ့အရာပေါ်မှာပဲ အာရုံရောက်နေတတ်ပါတယ်။

၃။ ကတိစကားမကြားရဘူး


Gemini ရာသီဖွားတွေက ကတိမပေးတတ်ပါဘူး။ စကားပြောတဲ့အခါလည်း ပြတ်ပြတ်သားသားမရှိပါဘူး။ အတွေးများနေတာက သူတို့ရဲ့ မဟာအားသာချက်ကြီးတစ်ခုဖြစ်နေတတ်ပါတယ်။

လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် အမြဲ ဒွန်တွဲနေတတ်ပါတယ်။ Gemini ရာသီဖွားတွေက ချစ်မိတဲ့အချိန်မှာတော့ အစွမ်းကုန်ချစ်တတ်ပြီး သစ္စာရှိပါတယ်။ ချစ်တဲ့လူကို အမြဲပံ့ပိုးပေးတာက Gemini တွေရဲ့အကျင့်ပါပဲ။

ဒါကြောင့် Gemini ရာသီဖွားတွေနဲ့ အီစီကလီသဘောသာ ဆက်ဆံရင်တော့ သင်ပဲ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က သင့်ကို တကယ်ချစ်မိသွားတဲ့အခါမှာတော့ သင်က ဒီကမ္ဘာမှာ ကံအကောင်းဆုံးလူသားဖြစ်နေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar