သေချာစဉ်းစားကြည့်တော့ လူတွေက ထိုင်ပုံထိုင်နည်းအမျိုးမျိုးရှင့်။ ခြေထောက်ချိတ်ပြီးထိုင်တာ ပေါင်ကားထိုင်တာ ဒူးကွေးထိုင်တာ အမျိုးမျိုးပဲ။စာဖတ်သူတို့ကော ဘယ်လိုထိုင်တတ်လဲ။

ကိုယ်ထိုင်တဲ့ပုံစံကနေ ပြောပြနေတဲ့ ကိုယ့်အကြောင်းလေးကို လေ့လာကြည့်ရအောင်။

ပုံစံ ၁

မြက်ခင်းမှာထိုင်တဲ့အခါ (ဒါမှမဟုတ်) ခုံပေါ်မှာ ဒူးနှစ်ဖက်ကိုထောင်ပြီး လက်နဲ့ပိုက်ထိုင်တတ်သူတွေက စိတ်ကူးတီထွင်မှုကောင်းသူဖြစ်ပြီး သြဇာရှိသူ တစ်ဦးဖြစ်ပါတယ်တဲ့။ တစ်ဆက်တည်းမှာပါ နည်းနည်းလေး ကလေးဆန်တဲ့သူဖြစ်ပါတယ်။ တစ်ခုခုကို မစဉ်းစားဘဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူလည်းဖြစ်ပါတယ်။ တခြားသူတွေကတော့ သင့်ကို ပျော်ပျော်နေတတ်တဲ့သူလို့ ထင်ကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် ရှောင်ချင်တဲ့ စိတ်နေသဘောထားတော့ရှိပါတယ်။ ဒါပေမဲ့ သင်ဟာ ပျင်းရိနေတဲ့သူမဟုတ်ဘူးတဲ့ရှင်။

ပုံစံ ၂

ထိုင်တဲ့အခါမှာ ဒီပုံစံအတိုင်းထိုင်တတ်တဲ့အကျင့်ရှိလား။ ဒါဆိုရင်တော့ သင်ဟာ စိတ်ကူးယဉ်တတ်တဲ့သူဖြစ်ပါတယ်။ အဲလိုခြေချိတ်ပြီးထိုင်တတ်တဲ့သူဟာ ထူးဆန်းပြီး တခြားသူတွေနဲ့မတူတဲ့ စဉ်းစားတတ်တဲ့စိတ်ကူး တီထွင်တတ်တဲ့စိတ်ကူးတွေရှိတယ်။ သင့်ရဲ့စိတ်ကူးတွေကလည်း တကယ်ကို ကောင်းမွန် ပါတယ်တဲ့။ ဒါပေမဲ့ သင်ဟာ အရာတစ်ခုကို စွဲစွဲမြဲမြဲ ကြိုက်တတ်တဲ့သူမဟုတ်သလို တစ်နေရာတည်းမှာ အကြာကြီးမနေတတ်တဲ့သူဖြစ်ပါတယ်။ ဥပမာ အလုပ်၊ အချစ်ရေးနဲ့ တခြားအရာတွေကိုရောပေါ့။ အပြောင်းအလဲမြန်တာမျိုးမဟုတ်ရင်တောင် သိပ်ပြီး စွဲလန်းလေ့မရှိဘူးတဲ့။ အမြဲဖော်ရွေပြီး ဆက်ဆံရေးကောင်းမွန်တဲ့အတွက် မိတ်ဆွေ အပေါင်းအသင်း သိပ်များပါတယ်။

ပုံစံ ၃

ပေါင်နှစ်ဖက်ကို ကားပြီး ထိုင်တတ်လား။ သင်ဟာ နမောနမဲ့ နိုင်သူတစ်ယောက် ပရမ်းပတာ နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တစ်ခုခုဆိုအာရုံစူးစိုက်ဖို့ ခက်ခဲပါတယ်တဲ့။ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေပေါ်မှာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ သင့်ရဲ့ ပုံစံကို ပြောင်းလဲနိုင်ပါတယ်။

ပုံစံ ၄

ပေါင်နှစ်ဖက်ကို တဖြာင့်တည်းထား ထိုင်တတ်သူလာ။ သင်ဟာ သန့်ရှင်းတာကိုကြိုက်တယ် ထက်မြတ်တယ် ဒါပေမဲ့လည်း တစ်ခုခုဆို အထိမခံတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် စိတ်ထဲမှာ တနုံ့နုံ့တွေး ခံစားနေတတ်သူဖြစ်ပါတယ်။ သင့်ရဲ့ ကြောက်စိတ်တွေ အာနည်းချက်တွေကို ဖုံးကွယ်ထားတတ်သူဖြစ်ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဝန်မလေးတတ်သူဖြစ်ပါတယ်။

ပုံစံ ၅

ပေါင်နှစ်ဖက်ကို တစ်ဖက်တည်းယိမ်းပြီး ထိုင်တတ်သူလား။ ဒါဆိုရင်တော့ သင်ဟာ ရည်မှန်းချက်မြင့်မားသူဖြစ်ပါတယ်။ တည်ငြိမ်တဲ့ ပညာရေးနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းကို ရှားဖွေနေသူဖြစ်ပါတယ်။ သင့်ရဲ့ ရည်ရွယ်ချက်မြင့်မားသလို အောင်မြင်မှုတစ်ခုရဖို့လည်း ပြင်းပြင်းထန်ထန် ကြိုးစားသူပါ။ ဒါပေးရင် ဒါရရမယ်ဆိုတဲ့ တယူသန်တဲ့သဘောတော့ရှိပါတယ်။ ဝတ်ကောင်းစားလှဝတ်ဆင်မှုကို ခုန်မင်သူဖြစ်ပြီး ဝတ်စားဆင်ယင်မှုက အရေးကြီး တယ်လို့ ခံယူထားသူဖြစ်ပါတယ်။

ဘယ်လိုလဲ။ တိုက်ဆိုင်ရဲ့လားရှင့်။