နေ့တိုင်းမိတ်ကပ်လိမ်းတာက အသားအရေကို ထိခိုက်စေပါတယ်။ အမြဲတမ်း မိတ်ကပ်လိမ်းနေတဲ့သူနဲ့ မိတ်ကပ်တော်ရုံမလိမ်းတဲ့သူနဲ့ အသားအရေကို ယှဉ်ကြည့်လိုက်ရင် သိသာပါတယ်။ နေ့တိုင်းမိတ်ကပ်လိမ်းနေမယ်ဆိုရင် အသားအရေအတွက် ဖြစ်လာမယ့်ဆိုးကျိုးတွေ ရှိပါတယ်။

အရေးအကြောင်းတွေမြန်မြန်ဖြစ်လာခြင်း

နေ့တိုင်း မိတ်ကပ်လိမ်းတာ၊ မိတ်ကပ်တွေအရမ်းပြင်တာက ကြာလာရင် မျက်နှာမှာ အရေးအကြောင်းတွေ သိသိသာသာ ပေါ်လာပါလိမ့်မယ်။ မျက်ခုံးအောက်နားမှာ အရေးအကြောင်းတွေ ပေါ်လာမယ်၊ smile lines တွေ သိသိသာသာ ပေါ်လာပါမယ်။

အသားအရေညစ်ခြင်း

နေ့တိုင်း မိတ်ကပ်လိမ်းနေတဲ့အတွက် ချွေးပေါက်တွေပိတ်ပြီး အဆီနဲ့ မိတ်ကပ်တွေ၊ ဖုန်တွေနဲ့ရောပြီး အသားအရေက ညစ်လာပါတယ်။ ဒါကိုမှ သေချာ cleansing မလုပ်ဘူးဆိုရင် အသားအရေက သိသိသာသာကိုညစ်ပြီး skin problem တွေ ဖြစ်လာပါလိမ့်မယ်။

ဝက်ခြံထွက်ခြင်း

အပေါ်မှာပြောခဲ့သလို မိတ်ကပ်တွေ နေ့တိုင်းလိမ်းခြယ်ပြီး cleansing လည်း သေချာမလုပ်နိုင်ရင် ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။ Cleansing သေချာလုပ်လည်း မိတ်ကပ်ကို နေ့တိုင်း အများကြီးတွေလိမ်းခြယ်နေရင် ဝက်ခြံထွက်လာမျိုးတွေက ဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေပိတ်ပြီး အဆီနဲ့ မိတ်ကပ်တွေနဲ့ရောပြီး အဆီဖုထွက်တာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။

အသားခြောက်ခြင်း

နေ့တိုင်းမိတ်ကပ်လိမ်းတဲ့အတွက် အသားအရေ ထိခိုက်ပျက်စီးပြီး အသားခြောက်လာမယ်၊ အစထဲက အသားခြောက်တတ်တဲ့သူဆိုရင် အဖြူအဖတ်လေးတွေလန်တာမျိုး၊ အသားပတ်သလိုမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း နေ့တိုင်းလိမ်းခြယ်တာမျိုး မလုပ်ပဲ တစ်ပတ်မှာ နှစ်ရက်လောက်တော့ အနားပေးသင့်ပါတယ်။ ပြီးရင် skincare တွေလည်း လိမ်းဖို့မပျင်းပါနဲ့။ Skincare မလိမ်းပဲ မိတ်ကပ်တွေပဲလိမ်းနေရင် အသားအရေက ပိုပျက်စီးလာမှာပါ။ မိတ်ကပ်အမြဲလိမ်းတဲ့သူက dead cells တွေကို ဖယ်ရှားပေးဖို့အတွက် တစ်ပတ်တစ်ခါ ပုံမှန် exfoliating လုပ်ပေးဖို့လည်း လိုပါတယ်။